ရွေးကောက်ပွဲနေ့မတိုင်ခင်ကတည်းက ဖြစ်နေခဲ့တဲ့ အဆင်မပြေမှုနဲ့ အခက်အခဲတွေက ဒီကနေ့အထိလည်း အလုံးစုံ ပြေလည်သွားတဲ့ပုံမရှိတာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေရဲ့ ပြောပြချက်တွေက သက်သေပြနေပါတယ်။ ကမာရွတ်၊ ကြည့်မြင်တိုင်။ တောင်ဥက္ကလာပ၊ ရွှေပြည်သာမြို့နယ် စတဲ့မြို့နယ်တွေက အခြေအနေကို မမေခ တင်ပြထားပါတယ်။ အသံဖိုင်မှာ အပြည့်အစုံနားဆင်နိုင်ပါတယ်။
Your browser doesn’t support HTML5
ရန်ကုန်ရွေးကောက်ပွဲ-မေခ
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင် အရွေးကောက်ခံမယ့် လက်ရှိအာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကို ဗွီအိုအေသတင်းထောက် မမြင့်မြင့်ခိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
အသံဖု
Your browser doesn’t support HTML5
တောင်ဥက္ကလာပ (မြင့်မြင့်ခိုင်)
အထွေထွေရွေးကောက်ပွဲအတွက် မြန်မာပြည်အဝှမ်းမှာ မဲပေးနေကြရာမှာ နေရာဒေသတော်တော်များများမှာ အားလုံးအဆင်ပြေချောမွေနေတဲ့ အနေအထားရှိနေပြီး တချို့ဒေသတွေမှာတော့ မဲစာရင်းကျန်နေတာတွေ၊ ကြိုတင်မဲပိုပေးတာတွေ၊ ရှိနေပါတယ်။ နေရာ အများစုကတော့ မဲဆန္ဒရှင်နဲ့ မဲပေးချိန် မမျှမတဖြစ်ပြီး မဲရုံပိတ်ချိန်မှာ မဲမပေးရဘဲ ကျန်ရှိ နေမှာကို စိုးရိမ်နေကြပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့ကအခြေအနေကို ဗီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
အသံဖိုင်မှာ အပြည့်အစုံနားဆင်နိုင်ပါတယ်။
Your browser doesn’t support HTML5
တိုင်းရင်းသားဒေသတွေက ရွေးကောက်ပွဲအခြေအနေ (ကိုမိုးဇော်)
တနင်္သာရီတိုင်း စစ်တပ်နယ်မြေအတွင်း တပ်မတော်သားတွေ၊ သူတို့မိသားစုတွေအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲမထည့်ကြဖို့ တပ်တွင်း ညွန်ကြားချက် ထုတ်ပြန်ခဲ့သလို ခြိမ်းခြောက်မှုတွေရှိခဲ့တယ်လို့ တပ်တွင်းမိသားစုတွေကပြောပါတယ်။
ဒါဟာ နိုင်ငံသားအခွင့်အရေးချိုးဖောက်ခံရတာဖြစ်ပြီး မိမိတို့ပေးချင်တဲ့နိုင်ငံရေးပါတီကို မဲထည့်ခွင့်မရတဲ့အတွက် ဝမ်းနည်းမိတယ်လို့ ဒီကနေ့ တနင်္သာရီတိုင်း တပ်နယ်မြေမှာ ကိုယ်တိုင်မဲထည့်ခဲ့တဲ့ မဲဆန္ဒရှင်တဦးက ဗွီအိုအေကိုပြောပါတယ်။
ဒီကနေ့ရွေးကောက်ပွဲနေ့မှာ တပ်တွင်း မဲရုံတွေကို နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်သူတွေလာရောက်ကြည့်ရှုကြတယ်လို့လည်း မျက်မြင်သက်သေတွေက ဗွီအိုအေကိုပြောပါတယ်။
Your browser doesn’t support HTML5
တနင်္သာရီတိုင်း စစ်တပ်မဲဆန္ဒနယ်မြေ မဲပေးတဲ့အခြေအနေ
ဒီကနေ့ရွေးကောက်ပွဲကျင်းပတဲ့အချ
မြို့နယ်အတော်များများက မဲရုံတွေကို ကိုယ်တိုင်သွားရောက်ကြည့်ရှု့လေ့
အသံဖို
Your browser doesn’t support HTML5
ရွေးကောက်ပွဲစောင့်ကြည့်သူများ (ဆုမွန်)
ရန်ကုန်ဘက်က ရွေးကောက်ပွဲ အခြေအနေမှာတော့ ရန်ကင်းမြို့နယ်တွင်းက မဲလက်မှတ်တွေမှာ ကော်မရှင်ရဲ့ တံဆိပ်တုံးတွေမပါတာတွေရှိသလို၊ ကြည့်မြင်တိုင်မြို့နယ်က မဲလက်မှတ်နေရာမှာ အလုံကမဲလက်မှတ်တွေရောက်နေတာတွေရှိနေပြီး၊ သင်္ဃန်းကျွန်းမြို့နယ်ဘက်က တိုင်းရင်းသားတချို့ တိုင်းရင်းသားမဲလက်မှတ်မရတာတွေရှိတယ်လို့ မဲဆန္ဒရှင်တွေက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ကိုရန်နိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
Your browser doesn’t support HTML5
ရန်ကုန် (၃)မြို့နယ် မဲပေးအခြေအနေ
မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် ၁ ရပ်ကွက်မှာ မဲစာရင်းမှာ မပါဝင်သူ ၁ ရာလောက် ကားတွေနဲ့ လာရောက်မဲပေးခဲ့တဲ့အတွက် အခြေအနေတွေက ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မန္တလေးမြို့က ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ ဦးခင်မောင်ထွန်းကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
Your browser doesn’t support HTML5
မန္တလေးမဲပေးအခြေအနေ