စစ်ရာဇဝတ်မှုကျူးလွန်သူတွေ တာဝန်ခံမှုတာဝန်ယူမှုရှိဖို့ EU ကြိုးပမ်း 

ယူကရိန်းနိုင်ငံအနောက်ဘက်ခြမ်းက Lviv မြို့မှာ သုံးရက်ကြာ ကျင်းပနေတဲ့ စစ်ရာဇဝတ်မှုဆိုင်ရာညီလာခံကိုတက်ရောက်လာတဲ့ ဥရောပသမဂ္ဂလွှတ်တော်ဥက္ကဋ္ဌ Roberta Metsola နဲ့ယူကရိန်းသမ္မတ Zelenskiy (မတ်လ ၄၊ ၂၀၂၃)

ယူကရိန်းနိုင်ငံအနောက်ဘက်ခြမ်းက Lviv မြို့မှာ သုံးရက်ကြာ ကျင်းပနေတဲ့ စစ်ရာဇဝတ်မှုဆိုင်ရာညီလာခံကိုတက်ရောက်လာတဲ့ ဥရောပသမဂ္ဂလွှတ်တော်ဥက္ကဋ္ဌ Roberta Metsola နဲ့ယူကရိန်းသမ္မတ Zelenskiy (မတ်လ ၄၊ ၂၀၂၃)

{{Zawgyi/Unicode}}

ယူကရိန်းအနောက်ဘက်မြို့ကြီးဖြစ်တဲ့ Lviv မြို့မှာ ၃ ရက်ကြာကျင်းပတဲ့ စစ်ရာဇဝတ်မှုဆိုင်ရာညီလာခံကိုတက်ရောက်နေတဲ့ ဥရောပသမဂ္ဂလွှတ်တော်ဥက္ကဋ္ဌ Roberta Metsola က စစ်ရာဇဝတ်မှုကျူးလွန်သူတွေ တာဝန်ခံတာဝန်ယူမှုရှိစေဖို့ အရေးကြီးကြောင်း ပြောလိုက်ပါတယ်။

“ငြိမ်းချမ်းရေးအတွက်ပြောဆိုကြမယ်ဆိုရင် တာဝန်ခံမှုတာဝန်ယူမှုကိစ္စကို ပြောရပါမယ်။ စစ်ရာဇဝတ်မှုကျူးလွန်တာတွေအတွက် တာဝန်ရှိတဲ့ဘယ်သူမဆို ဒီကိစ္စအတွက် ပြန်လည်ပေးဆပ်ရပါမယ်။”- လို့ ဥရောပသမဂ္ဂ လွှတ်တော်ဥက္ကဋ္ဌ ရိုဗက်တာ မက်ဆိုလာက သတင်းထောက်တွေကိုပြောခဲ့ပါတယ်။

“ဒီစစ်ရာဇဝတ်မှုတွေကို ဘယ်လိုကျူးလွန်ခဲ့တယ်ဆိုတာက ပြဿနာမဟုတ်ပါဘူး။ အဓိက-က ဘယ်တုန်းကကျူးလွန်ခဲ့သလဲဆိုတာပါပဲ။ သမ္မတ ဗလာဒီမာ ပူတင် အပါအဝင် အဲဒိကျူးလွန်သူတွေကို တရားဥပဒေအရ အရေးယူရမှာဖြစ်ပါတယ်။ အဲဒီလိုမှမလုပ်နိုင်ရင် ငြိမ်းချမ်းရေးဆိုတာ မရနိုင်ပါဘူး”- လို့လည်း သူကပြောပါတယ်။

ယူကရိန်းဟာ တရားမျှတရေးအတွက် စုစည်းညီညွတ်မှုဆိုတဲ့ခေါင်းစဉ်နဲ့ စစ်ရာဇဝတ်မှုဆိုင်ရာညီလာခံတခုကို ကျင်းပနေပါတယ်။

ရုရှားခေါင်းဆောင်တွေအပါအဝင် စစ်ရာဇဝတ်မှုကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ နိုင်ငံတကာမဟာမိတ်တွေစုစည်းပြီး ဒီညီလာခံကို ကျင်းပနေတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

စစ်ရာဇဝတ်မှုကျူးလွန်သူတွေ တာဝန်ခံမှုတာဝန်ယူမှုရှိဖို့ EU ကြိုးပမ်း .mp3

===============

{{Unicode}}





