အမေရိကန်ပြည်ထောင်စုမှာ အစိုးရအရန်ဘဏ္ဍာငွေကြေးကို Bitcoin ဒီဂျစ်တယ်ငွေကြေးနဲ့ပါထားဖို့ သမ္မတ Donald Trump က အမိန့်ထုတ်လိုက်ပါတယ်။
အွန်လိုင်းမှာ လည်ပတ်သုံးစွဲနေကြတဲ့ ဒီဂျစ်တယ်ငွေကြေးတွေထဲကတခုဖြစ်တဲ့ Bitcoin ကို မဟာ ဗျူဟာမြောက် အရန်ဘဏ္ဍာအဖြစ် ထားနိုင်အောင်ဆောင်ရွက်ကြောင်းအမိန့်ကို ကြာသပတေးနေ့ က သမ္မတ Trump လက်မှတ်ထိုးခဲ့ပါ တယ်။ ဒါကြောင့် ရာဇဝတ်လုပ်ငန်းတွေနဲ့ ဥပဒေနဲ့အညီ သိမ်းဆည်း ထားတဲ့ ခန့်မှန်းခြေ Bitcoin နှစ်သိန်း (၂၀၀,၀၀၀) လောက်ကို အရန်ဘဏ္ဍာအနေနဲ့ ထားရှိသွားမှာ ြဖစ်တယ်လို့ ဒီဂျစ်တယ်ငွေကြေးဆိုင်ရာ အိမ်ဖြူတော်အကြံပေး David Sacks က ပြောခဲ့ပါတယ်။
လွန်ခဲ့တဲ့ (၁၀) နှစ်အတွင်း အမေရိကန်အစိုးရက Bitcoin (၁၉၅,၀၀၀) လောက်ကို ဒေါ်လာ (၃၆၆) သန်းနဲ့ ရောင်းချခဲ့တယ်လို့လည်း သူကပြောပါတယ်။ တကယ်လို့သာ အဲဒီ Bitcoin ငွေကြေးတွေကို အစိုးရကဆက်သိမ်းထားခဲ့ရင် အခုလက်ရှိ ဒေါ်လာ (၁၇) ဘီလျံလောက် တန်ဖိုးရှိနေမှာဖြစ်တယ် လို့လည်း ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ Crypto currency လို့ပြောကြတဲ့ ဒီဂျစ်တယ် ငွေကြေးကို တရားဝင်ငွေကြေးတခုအဖြစ်နဲ့ သတ်မှတ်ပေးဖို့ တချို့ကလိုလားနေချိန်မှာ အခုလို သမ္မတက အမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။
Trump Crypto
Bitcoin ဟာ ဒီဂျစ်တယ်ငွေကြေးတွေထဲမှာ အစောဆုံးနဲ့ တန်ဖိုးအမြင့်ဆုံးဖြစ်ပါတယ်။ ဒီဂျစ်တယ် ငွေကြေးလုပ်ငန်းတွေမှာ အဓိကကျသူတွေနဲ့ သမ္မတ Trump ဒီနေ့ တွေ့ဆုံဆွေးနွေးဖို့လည်း စီစဉ် ထားပါတယ်။ သမ္မတ Trump အနေနဲ့ မဲဆွယ်ပွဲကာလပေးခဲ့တဲ့ကတိတွေအတိုင်း လက်တွေ့ဆောင်ရွက် ပြခဲ့တာလို့ ဒီဂျစ်တယ်ငွေကြေးဆိုင်ရာ အိမ်ဖြူတော်အကြံပေး David Sacks ကပြောကြားခဲ့ပါတယ်။
Your browser doesn’t support HTML5
အမေရိကန်အရန်ဘဏ္ဍာကို Bitcoin နဲ့ပါထားရှိ