အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပြဿနာ

NFL အမေရိကန် ဘောလုံးအဖွဲ့ချုပ်က အားကစားသမား Ray Rice

NFL အမေရိကန် ဘောလုံးအဖွဲ့ချုပ်က အားကစားသမား Ray Rice

အမေရိကန်အမျိုးသမီး ၂၅ ရာခိုင်နှုန်းဟာ အိမ်တွင်းအကြမ်းဖက်မှုတွေ ကြုံတွေ့ခဲ့ရပြီး များသောအားဖြင့် သူတို့ဟာ ဗွီဒီယိုအထောက်အထားတွေနဲ့ ရဲကို အကြောင်းကြားတာမျိုး မရှိပါဘူး။ NFL အမေရိကန် ဘောလုံးအဖွဲ့ချုပ်က အားကစားသမား Ray Rice ရဲ့ ဖြစ်ရပ်ကတော့ အဲ့ဒါကို မီးမောင်းထိုးပြနေပါတယ်။ Baltimore Ravens ဆိုတဲ့ ကလပ်အသင်းမှာ ကစားခဲ့တဲ့ Rice ကို ဒီဖြစ်ရပ်ပေါ်ပြီးတဲ့နောက် သူ့ကို NFL က အပြစ်ပေးလိုက်တာပါ။ ဒီဖြစ်ရပ်ကြောင့် အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု ပြဿနာနဲ့ ပတ်သက်လို့ လူတွေ စိတ်ဝင်စားအောင် ဘယ်လောက်အထိ ဖြစ်လာသလဲဆိုတာကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။