ကင်ညာနိုင်ငံမှာ အစာငတ်ခံကိုးကွယ်မှုကြောင့် သေဆုံးသူ အင်္ဂါနေ့မှာ လူပေါင်း ၃၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။ သစ်တောထဲမှာ အလောင်းတွေကို အစိုးရက ပြန်ဖော်ခဲ့ရာက ခုလို တွေ့ရှိတာ ဖြစ်ပါတယ်။ သေဆုံးကြသူတွေဟာ သတင်းကောင်း နိုင်ငံတကာ ဘုရားကျောင်းလို့ အဓိပ္ပါယ်ရတဲ့ Good News International Church ရဲ့ ဘုရားကျောင်းအဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။
သူတို့ကိုယ်တိုင်ရော၊ ကလေးတွေကိုပါ အစာငတ်ခံအသေခံခြင်းအားဖြင့် ကမ္ဘာမပျက်မီ ကောင်းကင်ဘုံ ကို ရောက်နိုင်တယ်လို့ ခေါင်းဆောင်ဖြစ်သူ Paul Mackenzie က ဟောပြောခိုင်းစေခဲ့ကြောင်း စွပ်စွဲကြပါတယ်။
ကင်ညာနိုင်ငံရဲ့ အရှေ့တောင်ပိုင်း Shakahola သစ်တောက လူတွေ အစုလိုက်အပြုံလိုက် မြှုပ်ထားတာကို ဖော်လိုက်တဲ့အခါ ရုပ်အလောင်း ၁၉ လောင်းကို ထပ်မံတွေ့ရှိရတာကြောင့် စုစုပေါင်း သေသူ ၃၀၃ ယောက် ဖြစ်သွားခဲ့တာပါ။ လူပေါင်း ၆၀၀ ကျော် ပျောက်နေဆဲဖြစ်တယ်လို့ ဒေသခံ အရာရှိ Rhoda Onyancha က ပြောပါတယ်။
လူတချို့ ကို ကယ်တင်နိုင်ခဲ့ပေမဲ့ လူပေါင်း ၆၅ ယောက်က ဇွန် ၆ ရက်ကနေ ၁၀ ရက်အတွင်း ကယ်ဆယ်ရေး ဌာနမှာ ရှိနေစဥ်အစာစားဖို့ ငြင်းဆိုခဲ့ကြတယ်လို့ ဒေသခံမီဒီယာကဆိုပါတယ်။ ဒီအတွက် အဲဒီသူတွေကို ကိုယ့်ကိုယ့်ကိုယ် သေကြောင်းကြံစည်မှု နဲ့ တရားစွဲထားပါတယ်။ ဧပြီလအတွင်းက ဘုရားကျောင်း ခေါင်းဆောင် Paul Mackenzie က ရဲစခန်းကိုသူကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ပါတယ်။
Good News International Church ဘုရားကျောင်းက တရားဟောဆရာ Paul Mackenzie ကိုတရားရုံးမှာတွေ့ရစဉ်၊ မေ ၂၊ ၂၀၂၃
ပြီးခဲ့တဲ့လအတွင်း အာမခံပေးဖို့ တရားရုံးက ငြင်းဆိုထားပါတယ်။ ဒီနှစ်အစောပိုင်းတုန်းကလည်း ကလေးနှစ်ယောက် အစာငတ်၊ အသက်ရှူမရ သေဆုံးမှုနဲ့ ပတ်သက်ပြီး သူ့ ကို ဖမ်းဆီးခဲ့ပေမဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ လွတ်လာတဲ့အခါ သူက သစ်တောထဲ ပြန်သွားပြီး ကမ္ဘာပျက်မယ့်နေ့ ကို သြဂုတ်လကနေ ဧပြီ ၁၅ ရက်နေ့ ကို ပြောင်းရွှေ့သတ်မှတ်ခဲ့ပါသေးတယ်။
Your browser doesn’t support HTML5
ကင်ညာမှာ ဘာသာယုံကြည်မှုအရအစာငတ်ခံ လူ၃၀၀သေဆုံး