(Zawgyi / Unicode)
တကမ္ဘာလုံး ကိုဗစ်ပိုးကူးစက်သူပေါင်း သန်း ၉၀ နီးပါးအထိ မြင့်တက်လာနေတယ်လို့ အမေရိကန်နိုင်ငံရှိ Johns Hopkins တက္ကသိုလ် ကိုရိုနာဗိုင်းရပ်စ် လေ့လာရေးဌာနက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ဒီကူးစက်မှု အများဆုံးဖြစ်နေတဲ့ အမေရိကန်နိုင်ငံမှာတော့ ကူးစက်ခံရသူပေါင်း ၂၂ သန်းနီးပါးအထိ တိုးလာနေပြီး ဒုတိယအများဆုံး အိန္ဒိယမှာလည်း အမေရိကန်ရဲ့ ထက်ဝက်ခန့်အဖြစ် လူပေါင်း ၁၀.၅ သန်း ကူးစက်ခံထားရတယ်လို့ ဒီဌာနက ထုတ်ပြန်ထားပါတယ်။
SEE ALSO: ပြည်ထောင်စုအနှံံ့ ကူးစက်မှုမြင့်တက်နေတဲ့ ကန် ကိုဗစ်အခြေအနေအမေရိကန်မှာဆိုရင် ကူးစက်ခံရသူက မနေ့တရက်တည်း ၃ သိန်းကျော်အထိ စံချိန်သစ်ချိုးခဲ့ပြီး ပြည်နယ်တချို့မှာ အများကြီး မြင့်တက်လာနေချိန်မှာ ရွေးချယ်ခံသမ္မတ Joe Biden ကလည်း ကာကွယ်ဆေးအမြန်ရဖို့၊ ထိုးချင်သူတိုင်းရဖို့နဲ့ သီတင်းပတ်တွေအတွင်း ဒုတိယတကြိမ် အမြန်ထိုးနိုင်ဖို့ ယုံကြည်ထားတယ်လို့ ဆိုလိုက်ပါတယ်။
အမေရိကန်က ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ Anthony Fauci ကလည်း မကြာခင် Mr. Biden သမ္မတအဖြစ် တာဝန်စယူချိန်မှာ သူပြောထားတဲ့အတိုင်း နိုင်ငံထဲမှာ တနေ့ကို လူပေါင်းတသန်း ကာကွယ်ဆေးထိုးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဒီအပတ်အစောပိုင်းတုန်းက ပြောခဲ့ပါသေးတယ်။
ဒါပေမယ့် အခုလိုအချိန်မှာ အံ့သြစရာဖြစ်လာတာက တချို့ဒေသတွေမှာ ဆေးရုံနဲ့ သက်ကြီးစောင့်ရှောက်ရေး ဂေဟာတွေက ကျန်းမာရေးလုပ်သားတွေအနေနဲ့ ဒီကာကွယ်ဆေးထိုးဖို့ နောက်တွန့်နေကြတယ်လို့ AP သတင်းဌာနမှာ ဖော်ပြခဲ့တာပါ။
ဒီ AP သတင်းဌာနရဲ့ လေ့လာတွေ့ရှိချက်အရ တချို့ဒေသတွေမှာ ကျန်းမာရေးလုပ်သား ၈၀ ရာခိုင်နှုန်းအထိတောင် ကာကွယ်ဆေးမထိုးဖို့ ပြောနေကြပြီး ဆရာဝန်တယောက်ကဆိုရင် စမ်းသပ်ထိုးခံသူ မဖြစ်ချင်လို့ လအနည်းငယ် စောင့်ကြည့်ချင်တယ်လို့ ပြောခဲ့ကြောင်း ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5
ကမ္ဘာတဝန်း ကိုဗစ်ကူးစက်မှု သန်း ၉၀ နီးပါးရှိလာ
-------------------------
(Unicode)
SEE ALSO: ဗီဇပြောင်း ပိုးသစ်ကြောင့် ကိုဗစ် ကူးစက်မှုမြင့်တက်လာတဲ့ ဗြိတိန် အခြေအနေဒါပမေယ့ျ အခုလိုအခြိနျမှာ အံ့သွစရာဖွဈလာတာက တခြို့ဒသေတှမှော ဆေးရုံနဲ့ သကျကွီးစောင့ျရှောကျရေး ဂဟောတှကေ ကနြျးမာရေးလုပျသားတှအေနနေဲ့ ဒီကာကှယျဆေးထိုးဖို့ နောကျတှန့ျနကွေတယျလို့ AP သတငျးဌာနမှာ ဖောျပွခဲ့တာပါ။