(Zawgyi/Unicode)
အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA ဝန်ထမ်းဟောင်းနဲ့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI ရဲ့ ဘာသာ စကားကျွမ်းကျင်သူ ကွန်ထရက်တာဟောင်း အသက် ၆၇ နှစ် အရွယ် Alexander Yuk Ching Ma ကို ခေတ်မီ ထောက်လှမ်းရေး နည်းပညာတွေနဲ့ ထောက်လှမ်းရေး သတင်းရင်းမြစ်တွေ အပါအဝင် တရုတ် အတွက် ထောက်လှမ်းရေး လုပ်မှုနဲ့ စွဲချက်တင်လိုက်ပါတယ်။
ဒီစွဲချက်တွေကိုတော့ Honolulu က ဖယ်ဒရယ် တရားရုံးကနေ တနလာၤနေ့မှာ ထုတ်ပြန်လိုက်တာပါ။ ၂၀၀၁ ခုနှစ် မတ်လ ရဲ့ သုံးရက်တာ ကာလအတွင်း ဟောင်ကောင်က ဟိုတယ်ခန်း တခုမှာ Alexander Yuk Chin Ma က တရုတ် ထောက်လှမ်းရေး သမားတွေကို အစိုးရရဲ့ လျှို့ဝှက်ချက်တွေ ပေးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
နောက် FBI မှာ အလုပ်ရပြီး နောက်မှာလည်း ဒီတရုတ် ထောက်လှမ်းရေးနဲ့ အဆက်အသွယ် ဆက်ရှိနေခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
Your browser doesn’t support HTML5
CIA ဝန်ထမ်းဟောင်းကို တရုတ်အတွက်သူလျှိုလုပ်ပေးမှုနဲ့ စွဲချက်တင်
.............
(Unicode)