ပြုပြင်ပြောင်းလဲမယ့် အတန်းတင်စာမေးပွဲစနစ်

မြန်မာနိုင်ငံမှာ တတန်းကနေ၊ ၉ တန်းအထိ၊ အတန်းတင်စာမေးပွဲနဲ့ အောင်၊ ရှုံး သတ်မှတ်တဲ့ စနစ်ကို ပယ်ဖျက်ပြီး၊ အရည်အချင်းအဆင့် သတ်မှတ်တဲ့ စနစ်နဲ့ အစားထိုးဖို့ ပြင်ဆင်နေပါတယ်။ နှစ်ပေါင်းများစွာ ကျင့်သုံးလာတဲ့ စာမေးပွဲစနစ်ကို ဖျက်သိမ်းမယ့်အပေါ် ကြိုဆိုသူတွေ ရှိကြသလို၊ အရည်အချင်းအဆင့် သတ်မှတ်ရာမှာ ပွင့်လင်းမြင်သာမှု မရှိမှာကို စိုးရိမ်သူတွေလည်း ရှိကြပါတယ်။ ပညာရေးကဏ္ဍက ပြုပြင်ပြောင်းလဲရေး အစီအစဉ်နဲ့ ပတ်သက်လို့ ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးမှာပါ။ သောတရှင်တွေ အနေနဲ့လည်း စနစ်သစ်အပေါ် မျှော်လင့်ချက်တွေပဲဖြစ်ဖြစ်၊ စိုးရိမ်မှုတွေပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ကိုယ်ပိုင်သဘောထား အမြင်တွေကို ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

Your browser doesn’t support HTML5

ပြုပြင်ပြောင်းလဲမယ့် အတန်းတင်စာမေးပွဲစနစ်