Galaxy Note 7 ဖုန်းတွေကြောင့် နည်းပညာလောကမှာ အဆိုဆုံးပြဿနာကြီးနဲ့ရင်ဆိုင်ထားရတဲ့ Samsung ကုမ္ပဏီက အသစ်ထုတ်ဖို့ရှိတဲ့ Galaxy S8 ဖုန်းသစ်တွေကို ပွဲထုတ်မထုတ်ခင် ဝယ်သူတွေဆီက ယုံကြည်မှုပြန်ရအောင်ကြိုးစားနေပါတယ်။ Galaxy Note 7 စမတ်လက်ကိုင်ဖုန်းတွေ မီးထလောင်ခဲ့ရတာဟာ သူတို့ရဲ့ Software ကြောင့်လည်း မဟုတ်ဘူး Hardware ကြောင့်လည်း မဟုတ်ဘဲ ဘက်ထရီကြောင့်ဖြစ်တယ်လို့ Samsung ကုမ္ပဏီက ထုတ်ဖော်ပြောကြားခဲ့ပြီး အသစ်ထွက်မယ့်ဖုန်းသစ်မှာ ဒီလိုပြဿနာမျိုးထပ်မဖြစ်အောင် ပြင်ဆင်နေတယ်လို့ဆိုခဲ့ပါတယ်။ Samsung ရဲ့ နောက်ဆုံးအားထုတ် ဆောင်ရွက်နေမှုတွေနဲ့ပါတ်သက်လို့ မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ တင်ပြပါမယ်။
Your browser doesn’t support HTML5
ဝယ်သူယုံကြည်မှုပြန်ရဖို့ကြိုးစားနေတဲ့ Samsung