Brexit လို့ ခေါ်တဲ့ ဥရောပ သမဂ္ဂထဲကနေ ဗြိတိန် နိုင်ငံ နုတ်ထွက်မယ့် လုပ်ငန်းစဉ်ကို မစခင်မှာ အစိုးရ အနေနဲ့ လွှတ်တော်ထံ တင်ပြရမယ်လို့ ဗြိတိန် တရားရုံးချုပ်က ဒီကနေ့ ကြာသပတေးနေ့မှာ အမိန့်ချမှတ်လိုက်တာကြောင့် ဥရောပ သမဂ္ဂထဲကနေ ဗြိတိန် နုတ်ထွက်ရေး လုပ်ငန်းစဉ် အတွက် အနှောင့်အတာ တခု ဖြစ်သွားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လက မဲဆန္ဒရှင်တွေ ဆုံးဖြတ်ချက်နဲ့ ထွက်ပေါ်လာတဲ့ Brexit ကို ထောက်ခံသူတွေကတော့ အယူခံဝင်မယ်လို့ ပြောဆိုပါတယ်။ ဗြိတိန် ဝန်ကြီးချုပ် Theresa May က သူမအနေနဲ့ လစ်စဘွန်း သဘောတူစာချုပ်ရဲ့ အပိုဒ် ၅၀ ပါ ပြဌာန်းချက် အတိုင်း မတ်လ အတွင်းမှာ ဥရောပ သမဂ္ဂထဲက ဗြိတိန် နုတ်ထွက်ရေး လုပ်ငန်းစဉ်ကို စတင်ပြီး ဥရောပ သမဂ္ဂ အဖွဲ့ဝင် အဖြစ်ကနေ အဆုံးသတ်ရေး အတွက် စပြီး ဆွေးနွေးမယ်လို့ ပြောဆိုခဲ့တာပါ။
အခု အထက်တရားရုံးရဲ့ ဆုံးဖြတ်ချက်က ဝန်ကြီးချုပ် မေ အတွက်တော့ စိတ်ပျက်စရာ ဖြစ်စေသလို ဗြိတိန် ခေါင်းဆောင်တွေ အနေနဲ့ နောက်ဆုံးအချိန် သတ်မှတ်ချက်ကို မီပါ့မလားဆိုတာက စိုးရိမ်စရာ ဖြစ်လာပါတယ်။
Your browser doesn’t support HTML5
Brexit လုပ်ငန်းစဉ်စဖို့ ဗြိတိန်လွှတ်တော်နဲ့ ညှိနှိုင်းရမည်