Apple ကုမ္ပဏီက မကြာခင် ဖြန့်ချိတော့မယ့် iPhone နဲ့ Apple Watch အသစ်တွေကို ကာလီဖိုးနီးယားပြည်နယ်၊ Cupertino က ကုမ္ပဏီရဲ့ ဌာနချုပ်မှာ ပြုလုပ်တဲ့ နှစ်ပတ်လည် အခမ်းအနားအတွင်း အခမ်းအနားအတွင်း ထုတ်ဖော် ပြသလိုက်ပါပြီ။
အခမ်းအနားအတွင်း မျက်နှာပြင်အကျယ် ၁၄.၇ စင်တီမီတာရှိတဲ့ XS ၊ ၁၆.၅ စင်တီမီတာရှိတဲ့ Max နဲ့ ၁၅.၅ စင်တီမီတာရှိတဲ့ XR စတဲ့ iPhone အမျိုးအစားအသစ် (၃) မျိုးကို ထုတ်ဖော် ပြခဲ့ပါတယ်။ XS အမျိုးအစားကတော့ မျက်နှာစာဘက်မှာ ပိုမို တောင့်တင့်အောင် လုပ်ထားပြီး နောက်ကျောဘက်မှာတော့ အစွန်းခံ သံမဏိနဲ့ ပြုလုပ်ထားပါတယ်။ ဒီဖုန်းကို ရွှေရောင်၊ ငွေရောင်နဲ့ အမဲရောင်ဆိုပြီး အရောင် (၃) မျိုးနဲ့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ အခု အသစ်ထုတ်မယ့် ဖုန်းတွေမှာ SIM ကဒ် ၂ မျိုး ထည့်ပြီး အသုံးပြုနိုင်မှာ ဖြစ်သလို ဖုန်းရဲ့ Memory ကိုလည်း ၅၁၂ Gigabytes အထိ တိုးမြင့် ပေးထားတဲ့အပြင် ဓါတ်ပုံ အရည်အသွေးဟာလည်း အရင်ဖုန်းတွေထက် ပိုမို ကောင်းမွန်အောင် လုပ်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဖုန်းအသစ်တွေရဲ့ ဘက်ထရီသက်တမ်းဟာလည်း အရင်ဖုန်းတွေထက် ပိုပြီး ကြာရှည်ခံမယ်လို့ ဆိုပါတယ်။
အခု အသစ်ထုတ်မယ့် iPhone (၃) မျိုးထဲက Xr အမျိုးအစားဟာ Xs ထက် ကင်မရာ အရည်အသွေး ပိုကောင်းတဲ့အပြင် နောက်ကျောဘက်မှာ အလူမီနီယံနဲ့ မှန်သားတွေကို ရောယှက် ဖွဲ့စည်းထားပြီး တောက်ပတဲ့အရောင် ၆ မျိုးနဲ့ ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။
iPhone XR ရဲ့ အနိမ်းဆုံးဈေးကတော့ အမေရိကန်ဒေါ်လာ ၇၄၉ ၊ iPhone Xs ကတော့ ဒေါ်လာ ၉၉၉ နဲ့ iPhone XS Max ကတော့ ဒေါ်လာ ၁၀၉၉ ဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ Gigabyte အပေါ်မူတည်ပြီး ဖုန်းတခုချင်းစီရဲ့ဈေးနှုန်းလည်း မြင့်တက်သွားနိုင်ပါတယ်။
Apple CEO Tim Cook discusses the new Apple Watch 4 at the Steve Jobs Theater during an event to announce new products Wednesday, Sept. 12, 2018, in Cupertino, Calif. (AP Photo/Marcio Jose Sanchez)
ဗုဒ္ဓဟူးနေ့ အခမ်းအနားမှာ ကြေညာသွားတဲ့ Apple Watch အသစ်ရဲ့ မျက်နှာပြင်ဟာ အရင် Apple Watch ထက် ၃၀% ပိုကြီးပြီး ထုထည်လဲ ပိုပြီး သေးမယ်လို့ ဆိုပါတယ်။ အခု နာရီအသစ်ဟာ ကျန်းမာရေးနဲ့ဆိုင်တဲ့ ကိစ္စတွေကိုလည်း ပိုမိုကောင်းမွန်၊ တိကျစွာ စောင့်ကြည့်နိုင်အောင် ဖန်တီးထားတယ်လို့ ဆိုပါတယ်။
Your browser doesn’t support HTML5
iPhone သစ် ၃ မျိုးနဲ့ Apple လက်ပတ်နာရီ သစ် ထွက်မည်