(Zawgyi/Unicode)
ရုရှားနိုင်ငံက မြန်မာစစ်တပ်အတွက်ရောင်းထားတဲ့ Pantsir လေကြောင်းရန်ကာကွယ်ရေးစနစ်ကို သက်ဆိုင်ရာ အရောင်းအဝယ်စာချုပ်ထဲမှာပါတဲ့အတိုင်း သက်မှတ်ရက်နဲ့အညီပေးပို့သွားမယ်လို့ ရုရှားနိုင်ငံ စစ်ဘက်နည်းပညာ ပူးပေါင်းဆက်ရွက်ရေး ဌာနအကြီးအကဲက ဒီကနေ့ပြောတာကို ကိုးကားပြီး Interfax သတင်းဌာန သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းယူခဲ့တဲ့ စစ်တပ်ကို ရုရှားအစိုးက ထောက်ခံအားပေးနေပြီး နှစ်ဘက်အပြန်အလှန်လည်ပတ်တာတွေ၊ လက်နက်အရောင်းအဝယ်တွေ ဆက်လုပ်နေပြီး အာဏာသိမ်းစစ်ကောင်စီ တရားဝင်ဖြစ်အောင်လုပ်ပေးနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပစ်တင်ဝေဖန်ထားပါတယ်။
...............................................................................
Your browser doesn’t support HTML5
မြန်မာစစ်တပ်အတွက် လေကြောင်းရန်ကာကွယ်ရေးစနစ် စာချုပ်ပါအတိုင်း ရုရှားပို့မယ်
(Unicode)