ဗွီအိုအေ မြန်မာညချမ်း၊ မတ် ၉ ၊ ၂၀၂၅။
Your browser doesn’t support HTML5
အမေရိကန်သမ္မတ အိမ်ဖြူတော် အပြင်ဘက်မှာ လက်နက်ကိုင် တဦးကို Secret Service အမေရိကန် အထူးလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio မတ်လ ၁၀ ရက် တနင်္လာနေ့မှာ ဆော်ဒီအာရေးဘီးယားနိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။ ထိုင်ဝမ်အနေနဲ့ ခွဲထွက်ဖို့ အရှိန်မြှင့် ကြိုးစားလာမယ်ဆိုရင် တင်းတင်းကြပ်ကြပ် ချုပ်ကိုင်သွားမှာဖြစ်ကြောင်း တရုတ်စစ်တပ်က ပြောဆိုပါတယ်။