ငွေလိမ်ဂိုဏ်းတွေ နှိမ်နှင်းမှုစတင်လို့ ကရင် BGF အတည်ပြု

Your browser doesn’t support HTML5

အွန်လိုင်းငွေကြေး လိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်းတွေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးအဖွဲ့ကို ဖွဲ့စည်းပြီး နှိမ်နှင်းရေးလုပ်ငန်းတွေ ဒီနေ့စတင် အကောင်အထည်ဖေါ်နေတဲ့အကြောင်း ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF အကြီးအကဲ ဗိုလ်မှူးကြီး စောချစ်သူက ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။