ဘာသာရေးဆိုင်ရာရုံးသစ် အိမ်ဖြူတော်မှာဖွင့်မည်
Your browser doesn’t support HTML5
အမေရိကန်အစိုးရအတွင်း ခရစ်ယာန်ဆန့်ကျင်ရေး ဘက်လိုက်မှုကို တိုက်ဖျက်ရေးအတွက် သမ္မတအိမ်ဖြူတော်မှာ ဘာသာရေးဆိုင်ရာရုံးခန်းတခု ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ ဒီရုံးခန်းကို ဦးဆောင်ဖို့ ရှေ့နေချုပ် Pam Bondi ကို တာဝန်ပေးညွှန်ကြားမယ့်အကြောင်း သမ္မတ Donald Trump က ဖေဖော်ဝါရီ ၆ ရက်၊ ကြာသပတေးနေ့မှာ ပြောပါတယ်။