ဖိလစ်ပိုင်ဒုသမ္မတကို အရေးယူဖို့ အောက်လွှတ်တော်ဆုံးဖြတ်

Your browser doesn’t support HTML5

ဖိလစ်ပိုင်ဒုတိယသမ္မတ Sara Duterte ကို အရေးယူဖို့ ဖိလစ်ပိုင်အောက်လွှတ်တော်က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် သမ္မတနဲ့ သဘောထားကွဲပြားမှုတွေ အကြီးအကျယ် ဖြစ်ပေါ်ခဲ့တဲ့ ဒုသမ္မတကို ရာထူးကဖယ်ရှားဖို့အထိဖြစ်လာမယ့် အထက်လွှတ်တော် ကြားနာစစ်ဆေးမှု တွေဖြစ်လာဖို့ လမ်းကြောင်းပွင့်သွားပါတယ်။