ဂရမ်မီဆုပေးပွဲမှာ တနှစ်တာ အကောင်းဆုံး အယ်လ်ဘမ်ဆု Beyoncé ရရှိ
Your browser doesn’t support HTML5
အမေရိကန်က Grammy ဂီတထူးချွန်ဆုပေးပွဲမှာ နာမည်ကျော်အမျိုးသမီး Pop အဆိုတော် Beyoncé က Cowboy Carter နဲ့ တနှစ်တာအတွက် အကောင်းဆုံး အယ်လ်ဘမ်ဆုကို ရရှိသွားပါတယ်။
California ပြည်နယ်၊ Los Angeles မြို့မှာ မနေ့ တနင်္ဂနွေနေ့ညက ကျင်းပခဲ့တဲ့ ၆၇ ကြိမ်မြောက် Grammy ဂီတထူးချွန်ဆုပေးပွဲမှာ အမြင့်ဆုံးဆု ရသွားတာပါ။