မုံရွာမှာ စစ်မှုထမ်းဖို့ဖမ်းဆီးတာတွေကြောင့် မြို့တွင်းသွားလာသူနည်း
Your browser doesn’t support HTML5
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်မှုထမ်းဖို့အတွက် လူစုဆောင်း ဖမ်းဆီးခံရတာတွေကြောင့် စျေးဆိုင်တွေနဲ့ ပွဲရုံတွေပိတ်ပြီး လမ်းတွေပေါ် လူသူကင်းမဲ့တဲ့အထိ တိတ်ဆိတ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အမျိုးသမီးတွေကိုအဓိကထား ဖမ်းဆီးခေါ်ဆောင်နေပြီး သုံးရက်အတွင်းမှာ ၁၀၀ ဝန်းကျင်လောက် ရှိခဲ့တယ်လို့ ပြောပါတယ်။