အမေရိကန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ ပထမဆုံးအကြိမ် ပြည်ပခေါင်းဆောင်တွေကို ဖိတ်ကြား

သမ္မတကျမ်းသစ္စာကျိန်ဆိုမယ့် အမေရိကန်လွှတ်တော်အဆောက်အဦ (ဇန်နဝါရီ ၁၉၊ ၂၀၂၅)

အမေရိကန် နိုင်ငံရေးအစဉ်အလာမှာ ငြိမ်းချမ်းတဲ့ အာဏာလွှဲပြောင်းမှု လုပ်ငန်းစဉ်အဖြစ် ထင်ရှားတဲ့ သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားကို ပထမဆုံးအကြိမ် ပြည်ပခေါင်းဆောင်တွေကို ရွေးကောက်ခံသမ္မတ Donald Trump က ဖိတ်ကြားလိုက်ပါတယ်။

ဝါရှင်တန်ဒီစီမှာ ဒီကနေ့ကျင်းပမယ့် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ တရုတ်သမ္မတ Xi Jinping အပြင်၊ အာဂျင်တီးနားသမ္မတJavier Milei နဲ့ အီတလီဝန်ကြီးချုပ် Giorgia Meloni တို့လို ကွန်ဆာဗေးတစ်ဝါတီ နိုင်ငံတကာ ခေါင်းဆောင်တွေကို ဖိတ်ကြားထားတာပါ။

တရုတ်သမ္မတကတော့ သူ့ကိုယ်စား ဒုသမ္မတ Han Zheng ကို စေလွှတ်ထားပါတယ်။ အမေရိကန်သမ္မတတွေ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ အရင်က ပြည်ပနိုင်ငံ ခေါင်းဆောင်တွေ မတက်ရောက်ခဲ့ဖူးကြပါဘူး။ အစိုးရအဖွဲ့သစ်မှာ ခန့်အပ်ဖို့ လျာထားခံရသူ တော်တော်များများ တက်ရောက်ခဲ့ကြတဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအကြို စနေနေ့ညက အခမ်းအနားမှာလည်း အာဂျင်တီးနားသမ္မတနဲ့ ပါရာဂွေးသမ္မတတို့ အထူးဧည့်သည်အဖြစ် တက်ရောက်ခဲ့ကြတာပါ။

ဒီကနေ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ပြီးခဲ့တဲ့လထဲ ပါရီမြို့တော်က Notre Dame ဘုရားကျောင်း ပြန်လည်ဖွင့်လှစ်ပွဲမှာ ရွေးကောက်ခံသမ္မတထရမ့်နဲ့ တွေ့ဆုံခဲ့တဲ့ ပြင်သစ်သမ္မတ Emmanuel Macron လည်း တက်ရောက်မှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

အမေရိကန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ ပထမဆုံးအကြိမ် ပြည်ပခေါင်းဆောင်တွေကို ဖိတ်ကြား