New Orleans တိုက်ခိုက်မှု တကိုယ်တော်ကျူးလွန်ဟု FBI ယူဆ
Your browser doesn’t support HTML5
နှစ်ဆန်း ၁ ရက် New Orleans က လူပေါင်း ၁၄ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ ထရပ်ကားနဲ့ တိုက်ခိုက်မှုမှာ သံသယရှိသူဟာ တကိုယ်တော် ကျူးလွန်တာ ဖြစ်ပြီး သူဟာ အိုင်အက်စ် စစ်သွေးကြွ အဖွဲ့ကိုအားကျသူလို့ ယုံကြည် ရကြောင်း FBI အမေရိကန် ဗဟိုအစိုးရ ထောက်လှမ်းရေးဗျူရိုက ပြောပါတယ်။