Volkswagen ကားလုပ်ငန်း ဝန်ထမ်းတွေဆန္ဒပြ
Your browser doesn’t support HTML5
ဂျာမနီရဲ့ Volkswagen ကားထုတ်လုပ်ရေး လုပ်ငန်းကြီးက အကြီးအကျယ် လျှော့ချ ဖြတ်တောက်မယ့် အစီအစဉ်ကြောင့် ဝန်ထမ်းတွေ ဆန္ဒပြနေကြပါတယ်။ Volkswagen မှာ ဖြစ်တဲ့ ပြဿနာဟာဆိုရင် ဂျာမနီ စီးပွားရေး အကြပ်အတည်းရဲ့ နောက်ထပ် လက္ခဏာ ဖြစ်ပါတယ်။ ဥရောပ သမဂ္ဂတွင်း အကြီးဆုံး ဂျာမနီရဲ့ စီးပွားရေးဟာဆိုရင် စွမ်းအင်ဈေးနှုန်း ကြီးမြင့်မှု၊ ယူကရိန်း စစ်ပွဲနဲ့ တရုတ်ရဲ့ ယှဉ်ပြိုင်မှုတွေကြောင့် လတ်တလော နှစ်ပိုင်းတွေ အတွင်း အခက်အခဲကြုံလာနေတာပါ။ ဘာလင်ကနေ Ricardo Marquina ပေးပို့တဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက် ပြောပြပေးပါမယ်။