အမေရိကန်သမ္မတ ရွေးကောက်ပွဲအပေါ် ဩဇာညောင်းဖို့ ရုရှားက အွန်လိုင်း လှုပ်ရှားမှုတွေကို လွန်ခဲ့တဲ့ ၄၅ ရက်အတွင်းမှာ စအရှိန်ယူ လုပ်လာခဲ့ပြီလို့ မိုက္ကရိုဆော့ဖ် ကုမ္ပဏီက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ဒါပေမဲ့ အတိတ် ရွေးကောက်ပွဲတွေလို မဟုတ်ဘဲ၊ ခပ်နှေးနှေးစတယ်လို့ ဆိုပါတယ်။
ယူကရိန်းကို ထောက်ခံတာအပေါ် ဝေဖန်တာ အပါအဝင်၊ အမေရိကန် မဲပေးသူတွေကြား ကွဲပြားလာအောင် ရုရှားနဲ့ချိတ်နေတဲ့ အွန်လိုင်းအကောင့်တွေက လုပ်ဆောင်ကြတာဖြစ်တယ်လို့ အစီရင်ခံစာမှာ ဆိုပါတယ်။ ဝါရှင်တန်မှာရှိတဲ့ ရုရှားသံရုံးကတော့ ဒါနဲ့ပတ်သက်ပြီး မှတ်ချက် မပေးပါဘူး။
ဒါပေမဲ့ လာမယ့် နိုဝင်ဘာ သမ္မတရွေးကောက်ပွဲကို မနှောင့်ယှက်ဘူးလို့ ရုရှားက အရင်လက ပြောပါတယ်။
Your browser doesn’t support HTML5
Donald Trump အမှုနဲ့ အမေရိကန် ရွေးကောက်ပွဲ မဲဆွယ်ပွဲများ
လွန်ခဲ့တဲ့ အနည်းဆုံး၂ လအတွင်းမှာ ရုရှားနဲ့ ချိတ်ဆက်နေတဲ့ အနည်းဆုံး အွန်လိုင်းလှုပ်ရှားမှု ၇၀ ကို ခြေရာကောက်နိုင်ခဲ့တယ်လို့ မိုက္ကရိုဆော့ဖ်က ဆိုပါတယ်။
အဲဒီလို လှိုင်လှိုင်များလာတဲ့ လှုပ်ရှားမှုတွေက ရုရှားသမ္မတ အုပ်ချုပ်ရေးနဲ့ ချိတ်နေတာ တွေ့ရကြောင်း အစီရင်ခံစာက ရေးပါတယ်။
ဘာသာစကားအမျိုးမျိုးနဲ့ သတင်းအမှားကို ဖြန့်တာတွေ၊ ဖွင့်ချလိုက်တယ်ဆိုတဲ့ သတင်းမျိုးတွေ၊ နိုင်ငံသား သတင်းသမားတွေရဲ့ သတင်းပုံစံ အသွင်ယူတာတွေ အပြင်၊ အေအိုင်ခေါ် ဉာဏ်ရည်တု အသုံးပြုထားတာတွေလည်း တွေ့ရကြောင်း မိုက္ကရိုဆော့ဖ်က ဆိုပါတယ်။
Your browser doesn’t support HTML5
ကန်ရွေးကောက်ပွဲ ရုရှားနှောက်ယှက်မှုတွေ့ရ