ခရစ္စမတ်ကာလ တကမ္ဘာလုံး ငြိမ်းချမ်းရေးရဖို့အတွက် စိန့်ပီတာ ရင်ပြင်မှာ တနင်္ဂနွေနေ့က ကျင်းပတဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တောင်းဆုပြုလိုက်ပါတယ်။ ခရစ္စမတ်ကာလ အစ္စရေး-ဟာမတ်စ် စစ်ပွဲနဲ့ ရုရှား- ယူကရိန်းစစ်ပွဲတွေကြား ငြိမ်းချမ်းရေးဖော်ဆောင်ကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းတာပါ။
စိန့်ပီတာ ရင်ပြင်မှာ တနင်္ဂနွေနေ့က ကျင်းပတဲ့ ဝတ်ပြုဆုတောင်းပွဲကို လူ ၆၅၀၀ လောက်တက်ရောက်ခဲ့ပါတယ်။ ယေရှုခရစ်တော်ဖွားမြင်ရာဖြစ်တယ်လို့ ယုံကြည်ထားကြတဲ့ ပါလက်စတိုင်းလူမျိုးတွေနေထိုင်ကြတဲ့ ဂျော်ဒန်မြစ်အနောက်ပိုင်းက Bethlehem မြို့မှာ တိုက်ပွဲတွေကြောင့် ဒီနှစ် ခရစ်စ္စမတ်ပွဲတော် တွေကိုမကျင်းပဘဲ ဖျက်သိမ်းထားရတဲ့အတွက် ဝမ်းနည်းရကြောင်းလည်း ပုပ်ရဟန်းမင်းကြီးကပြောဆိုပါတယ်။ ဆင်းရဲဒုက္ခ၊ ငတ်မွတ်မှုနဲ့ စစ်ဒဏ်ခံနေရသူတွေနဲ့ အတူ တသာားတည်းရှိကြောင်းနဲ့ ကမ္ဘာကြီး ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြဖို့လည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။
Your browser doesn’t support HTML5
ခရစ္စမတ်ကာလ တကမ္ဘာလုံး ငြိမ်းချမ်းရေးရဖို့ ပုပ်ရဟန်းမင်းကြီး ဆုတောင်း