မော်ရိုကိုမှာ နှစ်တရာကျော်အတွင်း အပြင်းဆုံးငလျင်ကြီး
မော်ရိုကိုမှာ ငလျင်ဒဏ်ခံခဲ့ရတဲ့ မရကစ်ရှ်မြို့နားက အစ်ဂျောင်ကတ်ရွာအနီးလမ်းပေါ်မှာ ငလျင်ကြောင့် ပြားသွားတဲ့ ကားတစီးကို တွေ့ရပါတယ်။ ဖြစ်တော့ဖြစ်ခဲ အားပြင်းငလျင်ကြီးက မိုရိုကိုရဲ့ တောင်ပေါ်ဒေသ ရွာလေးတွေကို မွကြေသွားအောင် ဖျက်ဆီးပစ်ခဲ့တာပါ။ သေဆုံးသူ ၃၀၀၀ ဆိုပေမဲ့ အပြိုအပျက်ပုံတွေအောက်မှာ အသက်မဲ့ခန္ဓာတွေ အများအပြားရှိနေနိုင်ပါသေးတယ်။
မရကစ်ရှ်မြို့နားက အမ်းစ်မိစ်မြို့လေးမှာ ငလျင်ကြောင့် နေစရာအိမ်မရှိတော့တဲ့ အမျိုးသမီးတွေ လမ်းမှာ ကော်ဇောတွေခင်းပြီး ယာယီတဲထိုးနေကြတာပါ။
မိုဟာမက် အောင်ချန် (အသက် ၆၆ နှစ်) ဟာ အဒါဆယ်မြို့နားက ပြိုပျက်ကျနေတဲ့ သူ့အိမ်ထဲကနေ သူ့ညီမ၊ သူ့ယောက်ဖနဲ့ ကလေးတွေကို ဆွဲထုတ်ကယ်တင် နိုင်ခဲ့ပါတယ်။
မော်ရိုကိုနိုင်ငံကို စက်တင်ဘာလ ၈ ရက်နေ့မှာ ငလျင်သင့်ခဲ့ပြီးနောက် ရိုက်ကူးထားတဲ့ ဓာတ်ပုံမှာတော့ အက်ဇာဒန်တောင်ကြားက ပျက်စီးသွားတဲ့ အိမ်တွေကို တွေ့ရပါတယ်။
မိုရိုကိုငလျင်ကြောင့် ရင်ကွဲစရာဖြစ်ရပ်တွေထဲက တခုကတော့ မိသားတစုလုံးမှာ အငယ်ဆုံး ၇ နှစ်သားလေး သေဆုံးသွားရတဲ့ ဖြစ်ရပ်ပါ။ ဓာတ်ပုံထဲက အသက် ၂၀ အရွယ် မိုဝက်တို့မိသားစုမှာ သူ့ညီလေး ၇ နှစ်အရွယ် ဆူလေမန်က မကြာခင်ကျောင်းပြန်တက်ရတော့မှာ ဖြစ်ပါတယ်။
ညရောက်တော့ ဧည့်ခန်းထဲမှာ အိပ်ပျော်သွားလို့ အမေဖြစ်သူက အိပ်ခန်းထဲမှာ သွားသိပ်ခဲ့ပြီး ဧည့်ခန်းထဲပြန်ရောက်တာနဲ့ ငလျင်လှုပ်တာ ဖြစ်ပါတယ်။ သားအကြီး ၂ ယောက်က အိမ်ပေါ်ထပ်မှာ လွတ်သွားပါတယ်။ သူတို့ သားအငယ်ဆုံးလေးပဲ အိပ်ခန်း မျက်နှာကျက် ပြုတ်ကျပိမိပြီး ဆုံးပါးသွားခဲ့ပါတယ်။
၇ နှစ်အရွယ် အထွေးဆုံးသားလေး ဆူလေမန် ဆုံးပါးသွားတဲ အိမ်ဖြစ်ပါတယ်။ သူအိပ်ခန်းထဲရှိနေချိန်မှာ အပေါ်ထက်က အကိုတွေနဲ့ ဧည့်ခန်းတဲ့က မိဘတွေ အသက်မသေ လွတ်မြောက်သွားတာပါ။
နေစရာ အိမ်မရှိတဲ့ ဒုက္ခသည်တွေကို မြေကွက်လပ်မှာ ယာယီပလက်စတစ်ပိတ်တဲတွေ ဆောက်လုပ်ပေးထားတာပါ။
ရှာဖွေကယ်ဆယ်ရေးလုပ်သားတွေ အပြိုအပျက်ပုံတွေကို လက်နဲ့ တခုချင်း တူးထုတ်ဖယ်ရှားရတဲ့အတွက် ကယ်ဆယ်ရေးကို အချိန်မြန်မြန်လုပ်လို့မရပါဘူး။
မိုရိုကို ငလျင်အတွက် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာတွေကို ကာတာနိုင်ငံလေတပ်လေယာဉ်နဲ့ ပို့ဆောင်ပေးပါတယ်။
ကာတာနိုင်ငံမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဝိုင်းဝန်းလုပ်ဆောင်ဖို့ ကာတာနိုင်ငံတကာရှာဖွေ ကယ်ဆယ်ရေးအဖွဲ့ လေယာဉ်နဲ့ လိုက်ပါသွားခဲ့ကြတာပါ။
ယာယီအမိုးအကာ အကူအညီမရတဲ့သူတွေကတော့ ဒီအတိုင်းမြေကြီးပေါ်မှာပဲ မှေးစက်အနားယူကြရပါတယ်။
ငလျင်ကြီးလှုပ်သွားချိန် မော်ရိုကိုနိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေကတော့ နိုင်ငံထဲကနေပြန်ထွက်ခွာကို လေဆိပ်မှာ လာစောင့်ဆိုင်းနေကြပါတယ်။