"မြောက်ကိုရီးယားဒုံးအစီအစဉ် အင်ဒို-ပစိတ်ဒေသကို ခြိမ်းခြောက်" သမ္မတ Yoon Suk Yeol

Indonesia ASEAN

Indonesia ASEAN

မြောက်ကိုရီးယားရဲ့ နျူကလီယားနဲ့ မစ်ဇိုင်းဒုံးကျည်စမ်းသပ်မှု အစီစဉ်တွေဟာ အင်ဒို-ပစိဖိတ်ဒေသအတွက် ခြိမ်းခြောက်တဲ့အနေထားဖြစ်နေသလို ဒေသတွင်းငြိမ်းချမ်းရေးအတွက်ဆို တိုက်ရိုက်ခြိမ်းခြောက်မှုရှိနေတယ်လို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ ကြာသပတေးနေ့ကကျင်းပတဲ့ အရှေ့အာရှထိပ်သီးညီလာခံမှာ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol က ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ လက်နက်အရောင်းဝယ်ကိစ္စအတွက် ဒီလနှောင်းပိုင်းလောက်မှာ သမ္မတ Vladimir Putin နဲ့တွေ့ဆုံဆွေးနွေးဖို့ ရုရှားကို သွားရောက်မှာဖြစ်ကြေင်း New York Times သတင်းက ရေးသားခဲ့တဲ့ နောက် တောင်ကိုရီးယားသမ္မတက ပြောကြားလိုက်တာပါ။

ရုရှားအစိုးရဟာ ယူကရိန်းမှာ ဆင်နွှဲနေတဲ့စစ်အတွက် လိုအပ်တဲ့လက်နက်တွေ မြောက်ကိုရီးယားဆီက ယူဖို့ လုပ်နေတာဖြစ်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ကလည်း ဂြိုဟ်တုနဲ့ နျူကလီယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေအတွက် ရုရှားဆီက ခေတ်မီနည်းပညာတွေ ပြန်ရချင်နေတဲ့အကြောင်း သတင်းမှာ ဖေါ်ပြထားပါတယ်။ မြောက်ကိုရီးယားအနေနဲ့ ရုရှားဆီက ခေတ်မီနည်းပညာတွေ ရနိုင်ခြေရှိနေပြီး ဒါဟာ တောင်ကိုရီးယားနဲ့မဟာမိတ်တွေအတွက် ခြိမ်းခြောက်မှု ရှိတဲ့အဆင့်ဖြစ်လာနိုင်တယ်လို့ တောင်ကိုရီးယားအရာရှိတွေနဲ့ သုံးသပ်သူတွေက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့နျူကလီယားနဲ့မစ်ဇိုင်းဒုံးစမ်းသပ်မှုတွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့တားမြစ်ချက်ကို အကြီးအကျယ်ချိုးဖေါက်တာဖြစ်ပြီး ဒါဟာ အခု ဆွေးနွေးပွဲကိုတက်ရောက်လာတဲ့ နိုင်ငံအားလုံးအတွက်ပစ်မှတ်ထားတဲ့ ခြိမ်းခြောက်မှုအနေထားဖြစ်နေတယ်လို့ တောင်ကိုရီးယားသမ္မတ Yoon က ဂျကာတာမှာကျင်းပတဲ့ အာဆီယံနိုင်ငံခေါင်းဆောင်တွေနဲ့ အင်ဒို- ပစိဖိတ်ဒေသတွင်းနိုင်ငံတွေကခေါင်းဆောင်တွေရဲ့ မဟာဗျူဟာကျဆွေးနွေးပွဲဖြစ်တဲ့ အရှေ့အာရှ ထိပ်သီးအစည်းဝေးမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

Your browser doesn’t support HTML5

"မြောက်ကိုရီးယားဒုံးအစီအစဉ် အင်ဒို-ပစိတ်ဒေသကို ခြိမ်းခြောက်" သမ္မတ Yoon Suk Yeol