ကရင်ပြည်နယ်တွင်းတိုက်ပွဲများ ဘုရားကျောင်းနဲ့နေအိမ်တချို့မီးလောင်ပျက်စီး

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းက အတွင်းမဲကနယ် ကျေးရွာ photo courtesy: KIC

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းက အတွင်းမဲကနယ် ကျေးရွာ photo courtesy: KIC

=== [[ ZAWGYI ]] ===

ကရင်ပြည်နယ်တွင်းတိုက်ပွဲများ ဘုရားကျောင်းနဲ့နေအိမ်တချို့မီးလောင်ပျက်စီး

ကရင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA/PDF စတဲ့ ပူးပေါင်းတပ်ဖွဲတွေ တိုက်ပွဲ ဆက်ဖြစ်နေပြီး မြဝတီ၊ အတွင်းမဲကနယ် ကျေးရွာဘက်မှာ စစ်ကောင်စီနဲ့ နယ်ခြားစောင့် BGF တပ်များ ဧပြီလ ၁၂ရက်နေ့က ဝင်ရောက် မီးရှို့မှုပြုလုပ်တာကြောင့် ဘုရားကျောင်းအပါအဝင် နေအိမ်ဆယ်ဂဏန်းလောက်ပျက်စီးသွားပါတယ် ။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းက အတွင်းမဲကနယ် ကျေးရွာကို မတ်လ ၂၅ ရက်နေ့ နောက်ပိုင်းကစပြီး နေ့စဉ်နီးပါး လက်နက်ကြီးနဲ့ပစ်ခတ် ၊ ညဘက်တွေမှာလေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို စစ်ကောင်စီတပ်တွေနဲ့ နယ်ခြားစောင့်တွေက လုပ်ခဲ့ပါတယ်၊ ဧပြီလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တွေမှာတော့ စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်-BGF ပူးပေါင်း မြေပြင်စစ်ကြောင်းတွေက ရွာသားနေအိမ်တွေကို မီးရှို့ဖျက်ဆီး တာတွေကြောင့် အရပ်သားတွေရဲ့ နေအိမ် ဆယ်ဂဏန်းလောက်နဲ့ ခရစ်ယာန်ဘုရားကျောင်း တခုလည်း မီးလောင်ပျက်စီးသွားခဲ့တယ်လို့ နယ်စပ် ပြည်သူတဦးက ပြောပြပါတယ်။

" မြဝတီမြို့နယ် အတွင်းမဲ့ကနယ် ဖက်မှာ ကျေးရွာတွေဝင်ပြီး BGF စစ်ကြောင်းတွေ ၃ကြောင်းလောက်ဝင်ပြီးမီးတွေရှို့သွားတယ်၊ ဘုရားကျောင်းတွေလည်း ပါသွားတယ် အိမ်ခြေကတော့ ၃၀ လောက်ပါသွားတယ်၊ မဲ့ကနယ်မှာက PDF တွေနေတယ် အဲဒီမှာ အခြေချတယ်ဆိုပြီး ရွာတွေကို ဝင်စီးပြီး မီးရှို့နေတာပဲ ၊ နယ်ခြားစောင့်တပ် ဗိုလ်ချစ်သူအဖွဲ့တွေနဲ့ စစ်တပ်ကလည်းပါတယ်။ နှစ်ဖွဲ့ပေါင်းပြီး စစ်ကြောင်းထိုးတာပဲ။ ညတိုင်းလည်း ပစ်နေတာပဲ ၊ ဘယ်ကနေ ပစ်နေလဲမသိဘူး၊ စကစပဲ လှမ်းပစ်နေတယ် ၊ အလုံးကြီးတွေပဲ။ "

ပြီးခဲ့တဲ့ မတ်လ၂၅ရက်နေ့က ပူးပေါင်းတပ်ဖွဲ့တွေဘက်က မြဝတီ ကုန်သွယ်ရေးဇုန်ကို တိုက်ခိုက်ပြီးကတည်းက ကုန်သွယ်ရေးဇုန် အနောက်ဖက် မဲ့ကနယ်ရွာဘက်ကို စစ်ကောင်စီက ဆက်တိုက် လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေဟာ အခုချိန်ထိ စစ်ဘေးရှောင်နေ ရတာပါ။ အခုအခါမှာတော့ အတွင်းမဲ့ကနယ်ကျေးရွာအပါအဝင် အနီးတဝိုက်က ကျေးရွာတွေက လူတွေ အားလုံးပေါင်းရင် စစ်ဘေးရှောင်သူ ၂၀၀၀ ကျော်လောက် ရှိလာပြီဖြစ်ပါတယ်။ မဲကနယ် ကျေးရွာသားတွေချည်းပဲဆိုရင် လူဦးရေ တထောင်ကျော် ရှိတယ်လို့လည်းဆိုပါတယ်။

" တချို့ကျတော့ ဘုန်းကြီးကျောင်းတွေ အတော်များများကို ဝင်ရောက်တည်းခို နေတာရှိတယ်၊ ပတ်ဝန်းကျင်ရွာတွေရှိတယ် အဲဒီရွာတွေက လူတွေပဲ တထောင်ကျော်ရှိတယ် ။"

မဲကနယ် ကျောက်တောင်ရွာ၊ မြဝတီမြေနီကုန်း ကရင်နှစ်သစ်ကူး ကွင်း၊ လေးကေကော် ယာယီစစ်ရှောင်စခန်းနဲ့ သင်္ဃန်းညီနောင် ရွာသစ်ဘုန်းကြီးကျောင်းတွေဖက်ကိုလည်း စစ်ဘေးရှောင်နေရသလို တချို့လည်း ကျိုဒိုးဘက်ထိ သွားပြီး နေထိုင်နေကြရပါတယ်၊ သင်္ကြန်ကာလ အကြိုနေ့ မှာလည်း စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA ၊ PDF စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေသလို စစ်ကောင်စီတပ်၊ BGF တပ်များက အာရှလမ်းမကြီး အတွင်းကွင်းကလေး မဲကနယ် နေရာတွေဘက်ကို စစ်ကြောင်းတွေ ထိုးလာပြီး တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် နှစ်ဖက် ထိခိုက်သေဆုံးမူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ နှစ်ဖက်လုံးကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူးရှင်။

Your browser doesn’t support HTML5

ကရင်ပြည်နယ်တွင်းတိုက်ပွဲများ ဘုရားကျောင်းနဲ့နေအိမ်တချို့မီးလောင်ပျက်စီး

=== {{ UNICODE }} ===






