လစ်ဗျား couscous ဟင်းလျာဂုဏ်ပြုကျင်းပပွဲ

Your browser doesn’t support HTML5

လစ်ဗျားနိုင်ငံမှာ နိုင်ငံ့အဓိကအစားအစာ couscous ဟင်းပွဲကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံတဝန်းက လစ်ဗျားလူမျိုးများ Sabratah မြို့တွင် စုရုံးခဲ့ကြပါတယ်။ Couscous ဆိုတာကတော့ မြန်မာလို ရွှေခြည်လို့လူသိများတဲ့ ဂျုံတမျိုးဖြစ်ပါတယ်။ အချင်း လေးမီတာရှိတဲ့ဟင်းလျာထဲမှာ ကုလားအုတ်ငါးကောင်ရဲ့ အသားနဲ့ Couscous အလေးချိန် ကီလိုဂရမ် ၂၅၀၀ ပါဝင်ပါတယ်။ မြောက်အာဖရိကနိုင်ငံတွေမှာ လူကြိုက်များတဲ့ couscous ဟာ လစ်ဗျားမှာ အခြေခံအစားအစာများထဲက တစ်ခုလို့ သတ်မှတ်ခံထားရတာဖြစ်ပါတယ်။