ယူကရိန်းအပေါ် ရုရှားကျုးကျော်မှုရပ်ဖို့ ကုလအထွေထွေညီလာခံ မဲခွဲဆုံးဖြတ်

U.N. General Assembly holds high-level meeting on adoption of a resolution on Ukraine, in New York

U.N. General Assembly holds high-level meeting on adoption of a resolution on Ukraine, in New York

=== [[ ZAWGYI ]] ===

ယူကရိန်းအပေါ် ရုရှားကျုးကျော်မှုရပ်ဖို့ ကုလအထွေထွေညီလာခံ မဲခွဲဆုံးဖြတ်

ရုရှားအနေနဲ့ ယူကရိန်းကို ရန်လိုမှုတွေ အဆုံးသတ်ဖို့နဲ့ ယူကရိန်းမှာရှိတဲ့ သူ့တပ်တွေ ပြန်ရုပ်သိမ်းဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ကြာသပတေးနေ့မှာ ဆုံးဖြတ်ချက်တရပ်ကို မဲခွဲအတည်ပြုလိုက်ပါတယ်။ မဖြစ်မနေ လိုက်နာစရာ မလိုတဲ့ ဆုံးဖြတ်ချက်ဖြစ်ပေမယ့် ယူကရိန်းကို ရုရှား ဝင်ရောက်ကျူးကျော်တာ တနှစ်မပြည့်ခင် တရက်အလို ဖေဖေါ်ဝါရီ ၂၃ မှာ ရုရှားဘက်က ရန်လိုမှုတွေ အဆုံးသတ်ဖို့ ကုလသမဂ္ဂက ပြင်းထန်တဲ့ သတင်းစကား ပါးလိုက်တာလည်း ဖြစ်ပါတယ်။

“ မဲခွဲရာမှာ ထောက်ခံမဲ ၁၄၁ မဲ၊ ကန့်ကွက်မဲ ၇ မဲ နဲ့ ကြားနေမဲ ၃၂ မဲ ရတဲ့အတွက် ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ပါပြီ” လို့ ညီလာခံဥက္ကဌ ဖြစ်တဲ့ Csaba Korosi က ပြောသွားတာပါ။

“ယူကရိန်းမှာ ပြည့်ဝမှု တရားမျှတမှုနဲ့ ရေရှည်ငြိမ်းချမ်းမှုရရေးအတွက် အထူးပြုချမှတ်တဲ့ ကုလသမဂ္ဂရဲ့ သဘောတူညီချက် မူဝါဒများ” ဆိုင်ရာ မူကြမ်းကို ကုလသမဂ္ဂ အထွေထွေညီလာခံက ကြာသပတေးနေ့မှာ မဲခွဲဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အိမ်နီးချင်းနိုင်ငံငယ်တခု ဖြစ်တဲ့ ယူကရိန်းကို ရုရှားတပ်တွေက ဖေဖေါ်ဝါရီ ၂၄ မှာ နယ်စပ်ကျော်ဖြတ် ဝင်ရောက်ခဲ့ချိန်ကစပြီး ဒါဟာ အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂကချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက် ၅ ခုမှာ မဲအများဆုံးနဲ့ အတည်ပြုနိုင်ခဲ့တဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။ ကုလ လုံခြုံရေးကောင်စီမှာ ရုရှားက ဗီတိုအာဏာသုံးပယ်ချနိုင်တာကြောင့် အခု အထွေထွေညီလာခံက ဦးဆောင်ပြီး မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ မဖြစ်မနေ လိုက်နာစရာ မလိုပေမယ့် ဒါဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ အမြင်ကို ထင်ဟပ်စေတဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။

တနှစ်ကြာမြင့်လာပြီဖြစ်တဲ့ ယူကရိန်းစစ်ပွဲကြောင့် နှစ်ဖက်သေဆုံးမှု သောင်းနဲ့ ချီရှိနေသလို မြို့လုံးကျွတ် ပျက်စီးရတဲ့ မြို့တွေနဲ့ အတူ ကမ္ဘာတလွှား စားနပ်ရိက္ခာ ဈေးတွေ မြင့်တက်လာပြီး ငွေဖေါင်းပွမှုတိုးလာခဲ့တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ယူကရိန်းအပေါ် ရုရှားကျုးကျော်မှုရပ်ဖို့ ကုလအထွေထွေညီလာခံ မဲခွဲဆုံးဖြတ်

=== {{ UNICODE }} ===



“ မဲခှဲရာမှာ ထောကျခံမဲ ၁၄၁ မဲ၊ ကန့ျကှကျမဲ ရ မဲ နဲ့ ကွားနမေဲ ၃၂ မဲ ရတဲ့အတှကျ ဆုံးဖွတျခကြျကို အတညျပွုလိုကျပါပွီ” လို့ ညီလာခံဥက်ကဌ ဖွဈတဲ့ Csaba Korosi က ပွောသှားတာပါ။


