သမ္မတ Trump နဲ့ အိမ်ဖြူတော်မှာတွေ့ဖို့ ရုရှားသမ္မတ ဆန္ဒရှိ

အမေရိကန်သမ္မတ Donald Trump နဲ့ ရုရှားသမ္မတ Vladimir Putin

အမေရိကန်သမ္မတ Donald Trump နဲ့ ရုရှားသမ္မတ Vladimir Putin

ဝါရှင်တန်မှာတွေ့ဆုံဖို့ အမေရိကန်သမ္မတ Donald Trump ရဲ့ ဖိတ်ကြားချက်ကို ရုရှားသမ္မတ Vladimir Putin အနေနဲ့ လက်ခံဖို့ ဆန္ဒရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ပြောကြားလိုက်ပါတယ်။ နိုင်ငံပိုင်သတင်းဌာန RIA Novosti နဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း ပူတင်ဟာ တွေ့ဆုံဆွေးနွေးပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။ အားလုံးသိထားတဲ့အတိုင်း အမေရိကန်သမ္မတနဲ့ တယ်လီဖုန်းဆက်သွယ် ပြောကြားခဲ့တဲ့အတိုင်းပဲ ဘာမှ လျှို့ဝှက်ထားစရာမရှိပါဘူး။

တွေ့ဆုံဖို့ ဖိတ်ကြားခဲ့သလို ပူတင်ကို အိမ်ဖြူတော်မှာ တွေ့ဆုံချင်ကြောင်း ထရမ့်က ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။ ဖုန်းနဲ့ ပြောကြားချိန်အတွင်း ပူတင်အနေနဲ့ ဝါရှင်တန်ကို လာလည်ဖို့ ၂ ကြိမ်လောက် ဖိတ်ကြားခဲ့ကြောင်းနဲ့ သူလည်းပဲ ရုရှားကို လာလည်ဖို့ ဆန္ဒရှိကြောင်း ပြောကြားခဲ့တယ်လို့ Lavrov က ပြောပါတယ်။

အရင်တုန်းကလည်း ထရမ့်နဲ့ ပူတင်တို့ ဝါရှင်တန်မှာ တွေ့ဆုံကြဖို့ သဘောတူညီထားခဲ့ကြဘူးပါတယ်။ မတ်လ ၂၀ ရက်နေ့တုန်းက ထရမ့်ဟာ ပူတင်ကို ရွေးကောက်ပွဲမှာ အနိုင်ရတာကြောင့် ဂုဏ်ယူကြောင်း ဖုန်းဆက်ပြောကြားခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက သမ္မတ ၂ ဦး တွေ့ဆုံဖို့နဲ့ ပတ်သတ်ပြီး ဆွေးနွေးခဲ့ကြောင်း အမေရိကန်ဘက်ကရော ရုရှားဘက်ကပါ ပြောကြားပါတယ်။

Your browser doesn’t support HTML5

သမ္မတ Trump နဲ့ အိမ်ဖြူတော်မှာတွေ့ဖို့ ရုရှားသမ္မတ ဆန္ဒရှိ