FBI ညွှန်ကြားရေးမှုး ရာထူးကဖယ်ရှားခံရ
Your browser doesn’t support HTML5
အမေရိကန်သမ္မတ Donald Trump က FBI ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို ညွှန်ကြားရေးမှူး James Comey ကို ရာထူးကနေထုတ်ပယ်လိုက်တဲ့သတင်းဟာ ဝါရှင်တန်နိုင်ငံရေးလောကအတွက် အံ့အားသင့်စရာ ဖြစ်သွားပါတယ်။ Mr. Comey ဆီကို အင်္ဂါနေ့ကပေးပို့တဲ့ စာထဲမှာ FBI အပေါ် လူထုအနေနဲ့ ပြန်လည် ယုံကြည်ကိုးစားမှုရှိရေး ဆောင်ရွက်ဖို့ လိုအပ်တာကြောင့် ဆိုပြီးရေးသားထားပါတယ်။ အေပီ သတင်းကို အခြေခံပြီး ကိုအောင်အောင် ကတင်ပြထားပါတယ်။