အသွင်မျိုးစုံနဲ့ ခံစားရမယ့် Caravaggio လက်ရာများ

Your browser doesn’t support HTML5

အခုတခေါက်ကမ္ဘာတလွှားခရီး အစီအစဉ်မှာတော့ အီတလီနိုင်ငံမြောက်ပိုင်းက Venaria Reale မြို့ဆီကိုသွားကြရမှာပါ။ ၁၇ ရာစု အစောပိုင်းက ပန်းချီအကျော်အမော်ကြီး Caravaggio  ရဲ့နာမည်ကျော်ပန်းချီကားတချို့ကို ပန်းချီပြခန်းတခုမှာ ထူးထူးခြားခြားခွဲခြားသုံးသပ် ပြသထားပါတယ်။ သူ့ရဲ့မူလပန်းချီကားတချပ်မှ မပါဘဲ အမြင်၊ အနံ့၊ အသံတွေနဲ့ ခံစားနိုင်အောင် ဖန်တီးထားတဲ့ ပြခန်းဆီကို မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေ ခေါ်သွားမှာဖြစ်ပါတယ်။