တိရစ္ဆာန်ချစ်သူများ ကော်ဖီဆိုင်
Your browser doesn’t support HTML5
ခွေးတွေ၊ ကြောင်တွေလို အိမ်မွေးတိရစ္ဆာန်တွေအပြင် ထူးခြား၊ ရှားပါးတိရစ္ဆာန်တွေနဲ့ လက်ပွန်းတတီးနေနိုင်အောင်လုပ်ပေးတဲ့ ကော်ဖီဆိုင်တွေဟာ နိုင်ငံစုံမှာ တော်တော်ခေတ်စားနေပါတယ်။ ဒီလိုတိရစ္ဆာန်မျိုးတွေကို ကိုယ့်အိမ်မှာ မွေးချင်ပေမဲ့ မမွေးနိုင်ကြသူတွေအနေနဲ့ သူတို့ကို ထိတွေ့ကိုင်ကြည့်လို့ရတဲ့ ကော်ဖီဆိုင်တွေမှာ ကော်ဖီသောက်ပြီး အပန်းဖြေနိုင်ကြမှာပါ။ အာရှနိုင်ငံတချို့မှာဖွင့်ထားတဲ့ တိရစ္ဆာန်တွေနဲ့ ကော်ဖီဆိုင်တွေဆီကို မစုမြတ်မွန်က ကမ္ဘာတလွှား ခရီးသွားအစီအစဉ်ကနေ ခေါ်သွားပါလိမ့်မယ်။