သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
Kim Jung Un ဆီက Donald Trump မျှော်လင့်နေတဲ့စာ
နောက်ဆုံးရသတင်း

Kim Jung Un ဆီက Donald Trump မျှော်လင့်နေတဲ့စာ


သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က သူမျှော်လင့်နေတယ်လို့ပြောထားတဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဆီက စာကို နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က လက်ခံရရှိထားပြီးပါပြီ။

ဝန်ကြီး Pompeo က စာကိုရထားပြီလို့ နိုင်ငံခြားရေးဌာန တာဝန်ရှိသူတဦးက အတည်ပြုပြောဆိုပေမဲ့ သမ္မတထရမ့်ပ်ကို ပေးလိုက်ပြီလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဝန်ကြီး Pompeo ဟာ အိန္ဒိယနိုင်ငံကနေ သောကြာနေ့က ပြန်ရောက်လာပြီး သမ္မတထရမ့်ပ်က သောကြာနေ့မှာ Montana နဲ့ တောင် မြောက် ဒါကိုတာပြည်နယ်တွေမှာ ရှိနေပြီးတော့ ညဉ့်နက်ပိုင်းမှာမှ အိမ်ဖြူတော်ကို ပြန်ရောက်လာတာပါ။

အေပီသတင်းဌာနကို ဒီကိစ္စပြောတဲ့ တာဝန်ရှိသူဟာ အမေရိကန်နဲ့ မြောက်ကိုရီးယားအကြား အကဲဆတ်တဲ့ သံတမန်ဆက်ဆံရေး ဆိုင်ရာကိစ္စရပ်တွေကို လူသိရှင်ကြား ပြောဆိုခွင့်ရှိသူ မဟုတ်တာကြောင့် အမည်မဖော်ဘဲ ပြောဆိုတာပါ။

သမ္မတထရမ့်ပ် လက်ထက်အတွင်း မြောက်ကိုရီးယားကို နျူကလီးယားကင်းရှင်းအောင် လုပ်ချင်တယ်လို့ Kim Jong Un က မကြာသေးခင်က ပြောထားတာဟာ “သိပ်ကို အပြုသဘော ဆောင်တဲ့ ပြောဆိုချက်” ဖြစ်တယ်လို့ သမ္မတထရမ့်ပ်က ပြောထားပါတယ်။

Kim Jung Un ဆီက Donald Trump မျှော်လင့်နေတဲ့စာ
please wait

No media source currently available

0:00 0:00:47 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG