သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရွေးကောက်ပွဲ ပြည်တွင်းပြည်ပနှောင့်ယှက်မှုတွေရင်ဆိုင်ရ


ကန်ရွေးကောက်ပွဲ ပြည်တွင်းပြည်ပနှောင့်ယှက်မှုတွေရင်ဆိုင်ရ
please wait
  • Auto
  • 240p
  • 360p
  • 480p
  • 720p
  • 1080p

No media source currently available

0:00 3:12 0:00
  • Auto
  • 240p
  • 360p
  • 480p
  • 720p
  • 1080p

အမေရိကန် သမ္မတ ရွေးကောက်ပွဲကို နှောင့်ယှက်ဖို့ ကြိုးစားမှု ပိုပြီး တိုးလာနေတာနဲ့ ပတ်သက်ပြီး ဒီသီတင်းပတ် အတွင်း ထုတ်တဲ့ အစီရင်ခံစာ ၂ စောင်မှာ သတိပေးထားပါတယ်။ သတင်းအချက်အလက်တွေကို ကြိုးကိုင် ချယ်လှယ်မှု၊ နိုင်ငံရေး အကြမ်းဖက်မှုနဲ့ ခြိမ်းခြောက်မှုတွေ တိုးလာနေကြောင်း ဒီအစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲကို နှောင့်ယှက်ဖို့ ကြိုးစားမှု ပိုပြီး တိုးလာနေတာနဲ့ ပတ်သက်ပြီး ဒီသီတင်းပတ် အတွင်း ထုတ်တဲ့ အစီရင်ခံစာ ၂ စောင်မှာ သတိပေးထားပါတယ်။ သတင်းအချက်အလက်တွေကို ကြိုးကိုင် ချယ်လှယ်မှု၊ နိုင်ငံရေး အကြမ်းဖက်မှုနဲ့ ခြိမ်းခြောက်မှုတွေ တိုးလာနေကြောင်း ဒီအစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။ VOA သတင်းထောက် Veronica Balderas Iglesias ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက် ပြောပြပါမယ်။

၂၀၂၄ အမေရိကန် သမ္မတ ရွေးကောက်ပွဲ အကြိုကာလမှာ သတင်းမှားတွေ ဖြန့်တဲ့ ပြည်တွင်း လှုပ်ရှားသူတွေက အမေရိကန် မဲဆန္ဒရှင်တွေကို ပိုပြီး ပစ်မှတ်ထား လှုပ်ရှားလာနေပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ Freedom House က ထုတ်တဲ့ ရွေးကောက်ပွဲ ပျော့ကွက် အားနည်းချက်များဆိုင်ရာ အစီရင်ခံစာမှာ အခုလို ဖော်ပြတာ ဖြစ်ပါတယ်။ Freedom House အဖွဲ့ရဲ့ အကြီးတန်း သုတေသန ဆန်းစစ်ရေးမှူး Kian Vesteinsson က Skype ကနေ အခုလို ပြောပါတယ်။

အမေရိကန် ပြည်တွင်းက လူတွေဟာဆိုရင် နိုင်ငံရေး အရ လျို့ဝှက်ပူးပေါင်းကြံစည်မှု အယူအဆတွေနဲ့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အထင်အမြင်မှားတဲ့ သတင်းအချက်အလက်တွေ စိမ့်ဝင်နေပါတယ်။ ရီပတ်ပလီကန်နဲ့ ရီပတ်ပလီကန်ကို ယိမ်းသူ ၇၀ ရာခိုင်နှုန်းလောက်ဟာဆိုရင် ၂၀၂၀ သမ္မတ ရွေးကောက်ပွဲ ရလဒ်ဟာ တရားမဝင်ဘူးဆိုတဲ့ နိုင်ငံရေး အရ လျို့ဝှက်ပူးပေါင်း ကြံစည်မှု အယူအဆ မှိုင်းမိနေပါတယ်။ အခု ၂၀၂၄ ရွေးကောက်ပွဲကြိုကာလမှာလည်း ဒီ အကြောင်းက ကြီးထွားလာပြီး လွှမ်းမိုးနေပါပြီ။

ရွေးကောက်ပွဲ တာဝန်ရှိသူတွေကို အွန်လိုင်းပေါ်ကနေ ခြိမ်းခြောက်မှုနဲ့ အနှောင့်အယှက်ပေးမှုတွေ တိုးလာသလို နိုင်ငံရေး အကြမ်းဖက်မှုလည်း တိုးလာကြောင်း သူက ထပ်လောင်း ပြောပါတယ်။

သမ္မတဟောင်း Donald Trump အပေါ် လုပ်ကြံဖို့ ကြိုးစားမှု အပါအဝင် နိုင်ငံရေး ကိုယ်စားလှယ်တွေ အပေါ် တိုက်ရိုက် တိုက်ခိုက်မှုတွေ တွေ့လာရသလို အနည်းစုတွေ အပေါ် မုန်းတီးမှု အခြေခံ ရာဇဝတ်မှုတွေနဲ့ အမုန်းစကား ဖြန့်ဝေမှုတွေလည်း တိုးလာပါတယ်။

ဆန္ဒမဲပေးရေး အခြေခံ အဆောက်အဦတွေကို အကာအကွယ်ပေးထားရဆဲ ဖြစ်သလို တဖက်မှာလည်း ဆိုက်ဘာ တိုက်ခိုက်မှုဟာ စိုးရိမ်စရာ တခု ဖြစ်တယ်လို့ Vesteinsson က ပြောပါတယ်။

မဲဆန္ဒပေးမှုဆိုင်ရာ သတင်းအချက် အလက်တွေ ပေးတဲ့ ဝက်ဘ်ဆိုက်တွေနဲ့ စည်းရုံးရေးတွေ အများဆုံး ပစ်မှတ်ထားခံရပါတယ်။

Trump ၊ နောက် Biden-Harris စည်းရုံးရေးတွေကို ပစ်မှတ်ထားပြီး အီရန်က အင်တာနက် ဖောက်ထွင်းဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်ကိုလည်း ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI က လက်ရှိ စစ်ဆေးနေပါတယ်။ အီရန်၊ ရုရှားနဲ့ တရုတ်တို့ဘက်က မကောင်းမြင်လာအောင် ကြိုးပမ်းဆောင်ရွက်မှုတွေလည်း တိုးလာနေတယ်လို့ ဆိုက်ဘာ လုံခြုံရေး ကုမ္ပဏီ Recorded Future က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ ဒီလုပ်ရပ်တွေထဲမှာဆိုရင် ညဏ်ရည်တု နည်းပညာ AI ကို သုံးပြီး မခိုင်လုံတဲ့ ဆောင်းပါးတွေထုတ်၊ နောက် ထင်ရှားတဲ့ မီဒီယာတွေလို တုပထားတဲ့ သတင်းဝက်ဘ်ဆိုက် အတုတွေမှာ ဒီဆောင်းပါးတွေကို တင်တာတွေလည်း ပါဝင်ပါတယ်။ Recorded Future က Sean Minor က Skype ကနေ အခုလို ပြောပါတယ်။

သက်ဆိုင်ရာ အစိုးရရဲ့ ပထဝီ နိုင်ငံရေး ရည်မှန်းချက်တွေကို အဓိက ဦးတည် အခြေခံတဲ့ နိုင်ငံရေး ဦးတည်ချက် ဒါမှမဟုတ်လည်း နိုင်ငံရေး ရှုထောင့်ပါဝင်တဲ့ ရေးသား ဖန်တီးမှုတွေ၊ နောက် ရွေးကောက်ပွဲမှာ ဘယ်ကိုယ်စားလှယ်က အနိုင်ရမယ်ဆိုရင် ဒီပထဝီ နိုင်ငံရေး ရည်မှန်းချက်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားနဲ့ အကောင်းဆုံး ကိုက်ညီသလဲ ဆိုတာတွေနဲ့ တဖက်ကို ယိမ်းလာအောင် အစပျိုးပေးဖို့ ဖြစ်ပါတယ်။

ဒီကြိုးပမ်းမှုတွေက ဘယ်လို သက်ရောက်ပါသလဲ။ Sean Minor က

ဒီလုပ်ရပ်တွေက ရွေးကောက်ပွဲ ရလဒ်တွေ အပေါ်မှာ သမိုင်းကြောင်းအရ အမှန်တကယ် သက်ရောက်မှုလို့ ဆိုနိုင်တဲ့ ခိုင်မာတဲ့ အချက်အလက်တော့ အခုအချိန်မှာ ကျနော်တို့မှာ မရှိသေးပါဘူး။

တုပ လိမ်ညာမှုဖြစ်နိုင်တာကြောင့် စာလုံးပေါင်းနဲ့ သဒ္ဒါမှားတဲ့ ဆောင်းပါးတွေ ဝက်ဘ်ဆိုက်လိပ်စာတွေကို သတိထားကြဖို့လည်း အမေရိကန် မဲဆန္ဒရှင်တွေကို တိုက်တွန်းထားပါတယ်။

Forum

XS
SM
MD
LG