သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
Orlando ပစ်ခတ်မှုအပေါ် သမ္မတလောင်း ယှဉ်ပြိုင်နေသူတွေ သဘောထား
နောက်ဆုံးရသတင်း

Orlando ပစ်ခတ်မှုအပေါ် သမ္မတလောင်း ယှဉ်ပြိုင်နေသူတွေ သဘောထား


Orlando ပစ်ခတ်မူအတွက် သမ္မတအိမ်တော်ရှေ့ ဝမ်းနည်းကြောင်း အထိမ်းအမှတ်ပွဲ
Orlando ပစ်ခတ်မူအတွက် သမ္မတအိမ်တော်ရှေ့ ဝမ်းနည်းကြောင်း အထိမ်းအမှတ်ပွဲ

အမေရိကန်သမိုင်းမှာ အဆိုးရွားဆုံး ပစ်ခတ်မှုကြီးအတွင်း လူအတော်များများ သေဆုံး ထိခိုက်ဒဏ်ရာရတာနဲ့ ပတ်သက်လို့ ကမ္ဘာတဝှမ်းက ဝမ်းနည်းကြောင်း ပြောကြားသူတွေထဲ အမေရိကန်သမ္မတလောင်းတွေအဖြစ် ယှဉ်ပြိုင်အရွေးခံသူတွေလည်း ပါဝင်ပါတယ်။

ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်ဖို့ ထင်ကြေးပေးခံနေရတဲ့ ဟီလာရီကလင်တန်က လူသတ်မှု ကျူးလွန်တဲ့ ဒီတကိုယ်ကောင်းသမားတွေရန်ကနေ ကိုယ့်နိုင်ငံကို ကာကွယ်ရမှာဖြစ်တယ်လို့ ပြောပါတယ်။ အကြမ်းဖက်ဝါဒနဲ့ တခြားအကြမ်းဖက်မှုတွေကို တိုက်ဖျက်ဖို့ အမေရိကန်တွေအနေနဲ့ တစိတ်တဝမ်းတည်း စုစည်းနိုင်သလို အဲဒီလိုလုပ်နိုင်တဲ့ စွမ်းရည်ရှိတယ်လို့လည်း သူက ပြောပါတယ်။ ဒီခြိမ်းခြောက်မှုအန္တရာယ်ကို တားဆီးရာမှာ ကူညီဖို့ နိုင်ငံတွင်းက မူဆလင်တွေနဲ့အတူ လက်တွဲလုပ်ဆောင်ဖို့ကိုလည်း ဟီလာရီ ကလင်တန်က တိုက်တွန်းပါတယ်။ သေနတ်ပိုင်ဆိုင်မှုနဲ့ ပါတ်သတ်တဲ့ ဥပဒေကို ပြန်လည်ပြင်ဆိုဖို့ လိုအပ်တယ်ဆိုတာကိုရည်ညွှန်းပြောဆိုသွားတာပါ။

ရီပတ်ဘလီကန် သမ္မတလောင်းဖြစ်လာဖို့ရှိတဲ့ Donald Trump ကတော့ မူဆလင်တွေအနေနဲ့ အကြမ်းဖက်မှုကျူးလွန်နိုင်ခြေရှိသူတွေနဲ့ ပါတ်သတ်ပြီး သတင်းပေးဖို့နဲ့ လက်နက်ကိုင်ဆောင်မှုဥပဒေကို ထောက်ခံကြောင်းလည်း သူက ထပ်လောင်း ပြောကြားပါတယ်။ ဘယ်တုန်းကနဲ့မှ မတူဘဲ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့ လက်နက်ကိုင်ဆောင်ဖို့လိုအပ်လာသလိုတကယ်လို့သာ အဲဒီ နိုက်ကလပ်ထဲကသူတွေမှာ သေနတ်ရှိမယ်ဆိုရင် အခုလို အဖြစ်ဆိုးမျိုး ကြုံရမှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

အာဖဂန်နစ္စတန် သမ္မတဟောင်း ဟာမစ်ခါဇာအိကတော့ အမေရိကန်လူထုအနေနဲ့ ရင်ဆိုင်နေရာတဲ့ နာကျင်မှုတွေကို သူ့အနေနဲ့ နားလည်ကြောင်းနဲ့ အာဖဂန်နစ္စတန်မှာဆိုလျင် ဒီလို ပစ်ခတ် သတ်ဖြတ်မှုမျိုးဟာ နေ့စဉ်နဲ့အမျှဖြစ်နေတာ ဆိုပြီး ပြောပါတယ်။ ဂျာမဏီဝန်ကြီးချုပ် Angela Markel, ဗြိတိန်ဘုရင်မကြီး Elizabethe တို့ကလည်း ဒီအဖြစ်အပျက်အတွက် ဝမ်းနည်းကြေကွဲကြောင်း သမ္မတ ဘရက် အိုဘားမားစီ သတင်းစကား ပါးခဲ့ပါတယ်။

အာဖဂန်မိဘ ၂ ပါးက အမေရိကန်မှာ မွေးဖွားခဲ့သူ အသက် ၂၉ နှစ်အရွယ် Omar Saddiqui Mateen ဟာ တနင်္ဂနွေနေ့ မနက်အစောပိုင်းက ဖလောရီဒါပြည်နယ် Orlando မြို့လယ်က လိင်တူစုံမက်သူတွေ အဓိကသွားကြတဲ့ Pulse နိုက်ကလပ်အတွင်း သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် လူ ၅၀ သေဆုံးပြီး ၅၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG