အမေရိကန်ပြည်ထောင်စုမှာ အထင်ကရစစ်တက္ကသိုလ်တွေအနက် တခုဖြစ်တဲ့ West Point စစ်တက္ကသိုလ်မှာ သင်တန်းသားတွေကို အုပ်ချုပ်ကွပ်ကဲမယ့် ပထမဆုံး အမျိုးသမီးတပ်မှူးအဖြစ် ဗိုလ်မှူးချုပ် Diana Holland ကို ခန့်အပ်လိုက်ပါပြီ။ ဒါဟာ မကြာသေးခင်က အမျိုးသမီးတွေကို တိုက်ပွဲဝင် Combat အဆင့်မှာ တာဝန်ထမ်းဆောင်ခွင့် ပြုလိုက်တဲ့နောက်ပိုင်း အမေရိကန်စစ်မှုထမ်းသမိုင်းမှာ အမျိုးသမီးတွေအတွက် ထူးခြားတဲ့ ဖြစ်ရပ်လို့ ဆိုရမှာပါ။ ဒါနဲ့ပတ်သက်ပြီး ဒီသီတင်းပတ်အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက စုစည်းတင်ပြထားပါတယ်။
West Point စစ်တက္ကသိုလ်က သင်တန်းသားတွေကို ကွပ်ကွဲမယ့် ပထမဆုံး အမျိုးသမီးတပ်မှူး
