ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ အမေရိကန်သမ္မတ ရွေးကောက်ပွဲကြီးလည်း နီးကပ်လာပြီဖြစ်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ swing states, battleground states နဲ့ favorite son တို့ကို တင်ပြထားပါတယ်။
ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ swing states ဖြစ်ပါတယ်။ Swing = လွှဲသည် - ဒီနေရာမှာ ပြည်နယ်တွေလို့ အဓိပ္ပါယ်ရတဲ့ States ကို ကိုယ်စားပြုတဲ့ နာမဝိသေသန (adjective) အဖြစ် အသုံးပြုထားတာဖြစ်လို့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ လွှဲတတ်တဲ့ပြည်နယ် ဖြစ်ပါတယ်။ ဒီနေရာမှာ လွှဲတတ်တယ်ဆိုတာက ဟိုဖက်ဒီဖက်ယိမ်းတာ။ မဲပေးရာမှာ အမေရိကန်ပြည်ထောင်စုမှာ အဓိကပါတီနှစ်ရပ်ဖြစ်တဲ့ ဒီမိုကရက်တစ် နဲ့ ရီပတ်ဘလင်ကန် တို့ရှိကြရာမှာ ဘယ်ပါတီကို မဲပေးမယ်ဆိုတာကို ဝေခွဲမရဖြစ်နေတဲ့ ပြည်နယ်တွေ ရှိကြပါတယ်။ ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စုမှာ ၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲတုန်းကဆို swing states တွေက Ohio, Florida, Indiana, North Carolina, Missouri နဲ့ Montana တို့ဖြစ်ကြပြီး ဒီပြည်နယ်တွေကို ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလင်ကန်ပါတီတို့က ဦးစားပေးမဲဆွယ်ကြတာလည်း ဖြစ်ပါတယ်။ ဒီပြည်နယ်တွေမှာ နှစ်ပါတီစလုံးက အင်အားချင်း သူမသာကိုယ်မသာဖြစ်နေကြတာမို့လည်း ဘယ်ပါတီက အပြတ်နိုင်မယ်ဆိုတာကို ခန့်မှန်းရခက်လှပါတယ်။ ဒါကြောင့် swing states ရဲ့ အီဒီယံအသုံးကတော့ ဘယ်ဖက်ကို မဲပေးရမယ်ဆိုတာကို ဝေခွဲမရဖြစ်နေတဲ့ ပြည်နယ်တွေ ဖြစ်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
The election this year will be very closed in Florida, which is a swing state. Both candidates are trying to win the support of the voters there.
ဒီနှစ် ရွေးကောက်ပွဲမှာ ဘယ်ပါတီက အပြတ်နိုင်မယ်လို့ မပြောနိုင်တဲ့ ပြည်နယ်ဖြစ်တဲ့ Florida မှာတော့ ရွေးကောက်ပွဲဟာ သိပ်ကိုကပ်မှာပါ။ အဲဒီမှာ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုကိုရနိုင်ဖို့ ကိုယ်စားလှယ်လောင်းတွေကလည်း ကြိုးစားနေကြတယ်။
နှစ်ဖက်ပါတီတို့ အပြိုင်အဆိုင်ချဲကြတဲ့ ဖြစ်ကြလို့လည်း swing states တွေကို တနည်းအားဖြင့် battleground states လို့လည်း ခေါ်ဆိုကြပါတယ်။ Battleground = စစ်မြေပြင်, States = ပြည်နယ်များ ဖြစ်ကြပြီး စကားစုတစုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ စစ်မြေပြင်ပြည်နယ်များ ဖြစ်ကြပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ အပြိုင်အဆိုင်ချဲကြရတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ဒီပြည်နယ်တွေမှာ နိုင်ငံရေးပါတီနှစ်ရပ်တို့က မဲဆွယ်လှုပ်ရှားကြရာမှာ စစ်တိုက်သလိုပဲ ဗျူဟာတွေချပြီး အင်တိုက်အားတိုက် ဦးစားပေးလုပ်ကိုင်ကြရတယ် ဖြစ်ပါတယ်။ ဒါကြောင့် battleground states ရဲ့ အီဒီယံအဓိပ္ပါယ်ကတော့ အပြိုင်အဆိုင်ချဲကြရတဲ့ ပြည်နယ်တွေ ဖြစ်ပါတယ်။

November (6) election results will depend on who wins the battleground states. Pennsylvania is one of them and both parties are campaigning hard there.
နိုဝင်ဘာလ (၆) ရက် ရွေးကောက်ပွဲ အနိုင်အရှုံးရလဒ်တွေကတော့ အပြိုင်အဆိုင်ချဲရမယ့် ပြည်နယ်တွေမှာ အနိုင်ရရှိမှုပေါ် မူတည်ပါတယ်။ အဲဒီပြည်နယ်တွေထဲမှာ Pennsylvania ပြည်နယ်လည်းပါတော့ နိုင်ငံရေးပါတီနှစ်ရပ်စလုံးက အဲဒီမှာ အပြတ်မဲဆွယ်နေကြတယ်။
အခုနောက်ဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ favorite son ဖြစ်ပါတယ်။ Favorite = မျက်နှာသာပေးခံရသော၊ သဘောကျသော၊ အကြိုက်တွေ့သော ဖြစ်ပြီး ဒီနေရာမှာ သတိထားမိဖို့က အမေရိကန်စာလုံးပေါင်းက တချို့ အင်္ဂလိပ်စာလုံးပေါင်းတွေနဲ့ ကွဲတာတွေ ရှိပါတယ်။ ဒီနေရာမှာ favorite က အမေရိကန်စာလုံးပေါင်းအရ “u” မပါဘဲ ပေါင်းလေ့ရှိပါတယ်။ အင်္ဂလိပ်စာလုံးပေါင်းကတော့ favourite မှာ “u” ထည့်ပြီးပေါင်းတာကို သတိထားစေချင်ပါတယ်။ Son = သား လို့ အဓိပ္ပါယ်ရပြီး စကားစုတစုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ မျက်နှာသာပေးခံရတဲ့ သား ဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာဆို မိသားစုတွေမှာ အမေ့ရဲ့ အချစ်တော်၊ အတန်းထဲမှာဆို ဆရာမရဲ့ အချစ်တော်မျိုးလို ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံရေးမှာတော့ ဇာတိသားဖြစ်လို့ မျက်နှာသာပေးခံရတဲ့ ပုဂ္ဂိုလ်မျိုး၊ တနည်းနည်းနဲ့ အဲဒီပြည်နယ်နဲ့ သံယောဇဉ် တနည်းတဖုံ ရှိနေတဲ့ ပုဂ္ဂိုလ်မျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲမှာ နိုင်ခြေများတဲ့ ပုဂ္ဂိုလ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။
အခုလက်ရှိ သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလင်ကန်သမ္မတလောင်းဖြစ်တဲ့ Mitt Romney က သူ့နဲ့အတူ ဒုတိယသမ္မတအဖြစ် ဝင်ရွေးဖို့ ရွေးချယ်ထားသူကတော့ Wisconsin ပြည်နယ်က အောက်လွှတ်တော်အမတ် Paul Ryan ဖြစ်ပါတယ်။ ဒါကြောင့်မို့ Wisconsin ပြည်နယ်မှာ Paul Ryan ဟာ အဲဒီပြည်နယ်ဇာတိသားဖြစ်တဲ့အတွက်ကြောင့်လည်း အဲဒီပြည်နယ်မှာ သူ့အပေါ်ထောက်ခံမှုဟာ များမှာကတော့ သေချာတာဖြစ်ပါတယ်။ ဒါကြောင့် သူဟာ အဲဒီပြည်နယ်ရဲ့ မျက်နှာသာပေးခံရတဲ့ သားတဦး ဖြစ်နေပါတယ်။ နိုင်ငံရေးလောက ရွေးကောက်ပွဲတွေမှာတော့ မျက်နှာသာပေးခံရတဲ့ ပုဂ္ဂိုလ်ပေါ့။

Congressman Paul Ryan is a favorite son of Wisconsin as he has served seven terms. So, a huge crowd attended his campaign event there.
အောက်လွှတ်တော်အမတ် Paul Ryan ဟာ Wisconsin မှာ သက်တမ်း (၇) ကြိမ်တောင် အမှုထမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ နိုင်ချေများတဲ့ ပုဂ္ဂိုလ်ပါ။ ဒါကြောင့် သူ့မဲဆွယ်လှုပ်ရှားမှုကို လူအုပ်ကြီးတွေ တက်ကြတာ မနည်းလှဘူး။