သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
ကန်ရှေ့နေချုပ် နုတ်ထွက်ဖို့ ဒီမိုကရက်တစ် အမတ်တွေ တောင်းဆို
နောက်ဆုံးရသတင်း

ကန်ရှေ့နေချုပ် နုတ်ထွက်ဖို့ ဒီမိုကရက်တစ် အမတ်တွေ တောင်းဆို


ကန်ရှေ့နေချုပ် Jeff Sessions
ကန်ရှေ့နေချုပ် Jeff Sessions

အမေရိကန် ပြည်ထောင်စုမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ သမ္မတရွေးကောက်ပွဲကို ရုရှားနိုင်ငံက ကြားဝင်စွက်ဖက်ခဲ့မှုအတွက် စုံစမ်းစစ်ဆေးရာမှာ၊ရှေ့နေချုပ် Jeff Sessions ကင်းကင်းရှင်းရှင်း ဖြစ်အောင်လုပ်ဖို့၊ ဒါမှမဟုတ် ရာထူးကနုတ်ထွက်ပေးဖို့ ဒီမိုကရက် လွှတ်တော်အမတ်တွေက တောင်းဆိုလိုက်ကြပါတယ်။

ရှေ့နေချုပ် Sessions ဟာ အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးနဲ့ ပြီးခဲ့တဲ့နှစ်ထဲ တွေ့ဆုံခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် အတိုက်အခံတွေက တောင်းဆိုခဲ့ကြတာပါ။

အထက်လွှတ်တော်အမတ် တာဝန်ယူခဲ့ဖူးတဲ့ Sessions ဟာ သမ္မတ Donald Trump ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ အားပေးခဲ့သူ တဦးဖြစ်သလို၊ မဲဆွယ်ပွဲမှာ အကြံပေးပုဂ္ဂိုလ် တဦးအဖြစ်နဲ့လည်း တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

သမ္မတ Trump ရဲ့ မဲဆွယ်ပွဲ တာဝန်ရှိသူ တယောက်ယောက်ဟာ ရုရှားနဲ့ အဆက်အသွယ်ရှိကြောင်း အထောက်အထားတွေ ထွက်ပေါ်လာခဲ့ရင် သူ့အနေနဲ့ ဘာလုပ်မလဲလို့၊ အမေရိကန် တရားရေးဌာန အကြီးအကဲအဖြစ် အတည်ပြုခန့်အပ်ဖို့ ဇန်နဝါရီလထဲ လွှတ်တော်မှာ ကြားနာစဉ် မေးခွန်းထုတ်ခံခဲ့ရစဉ်တုန်းကတော့ သူ့အနေနဲ့ ရုရှားနဲ့ အဆက်အသွယ် မလုပ်ဖူးတဲ့အတွက် မှတ်ချက်ပေးစရာ မရှိကြောင်း ဖြေကြားခဲ့တာပါ။

ဒါပေမဲ့လည်း ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ရီပတ်ဘလစ်ကန် နိုင်ငံလုံးဆိုင်ရာညီလာခံအတွင်း သီးခြားကျင်းပခဲ့တဲ့ အခန်းအနား တခုမှာ သူဟာ ရုရှားသံအမတ်ကြီး Sergei Kislyak နဲ့ တွေ့ဆုံခဲ့သလို၊ စက်တင်ဘာလထဲမှာလည်း လွှတ်တော်က သူ့ရုံးခန်းမှာ ထပ်မံတွေ့ဆုံခဲ့တာပါ။

တရားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Sarah Isgur Flores ကတော့ လွှတ်တော်ကြားနာပွဲမှာ သစ္စာဆိုပြီး ထွက်ဆိုခဲ့တဲ့ အထဲမှာ အဓိပ္ပါယ် အကောက်လွဲနိုင်တဲ့ ပြောဆိုမှုမျိုး တခုမှ မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။ သူ့အနေနဲ့ သမ္မတ Trump ရဲ့ စည်းရုံးရေးအဖွဲ့နဲ့ ရုရှားတို့ကြား အဆက်အသွယ်ရှိ-မရှိ မေးခွန်းထုတ်ခံခဲ့ရတာသာဖြစ်ပြီး၊ အထက်လွှတ်တော်အမတ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့များရေးရာ ကော်မတီဝင်အဖြစ် တွေ့ဆုံခဲ့ခြင်း ရှိ-မရှိ မေးမြန်းခံခဲ့ရတာ မဟုတ်ဘူးလို့ တုန့်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG