လူတယောက်ရဲ့မျက်နှာ ဒါမှမဟုတ် ဓါတ်ပုံကို Smartphone camera နဲ့ Scan ဖတ်လိုက်တာနဲ့ သူ့အကြောင်းသိရနိုင်အောင်လုပ်ထားတဲ့ Blippar App က ၉၉% ကျော်တိကျမှန်ကန်တယ်လို့ တီထွင်သူတွေကပြောပါတယ်။ ဒါပေမဲ့ ဒီလိုနည်းပညာမျိုးက ကိုယ့်ရဲ့ Privacy ကိုချိုးဖောက်ရာရောက်နိုင်တယ်လို့ စိုးရိမ်နေကြသူတွေလည်းရှိပါတယ်။ မျက်နှာတွေမှတ်မိနိုင်တဲ့ ရှေ့ပြေးနည်းပညာနဲ့ နောက်ဆက်တွဲအကျိုးတွေကို မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ တင်ပြပါမယ်။