စစ်အာဏရှင် စနစ်ကနေ ပြောင်းလဲလာတဲ့ အင်ဒိုနီးရှားနိုင်ငံ အာဆီယံ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူနေချိန်မှာ ကျန်နေတဲ့ အချိန်အတွင်း မြန်မာအရေး ဦးဆောင်ဖြေရှင်းဖို့ အရေးကြီးကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ က ဗွီအိုအေနဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောလိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken လည်း တက်ရောက်ဖို့ရှိတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးနဲ့ အခြားဆက်စပ် အစည်းအဝေးတွေကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ကျင်းပဖို့ ရှိနေချိန် အခုလို ပြောလိုက်တာပါ။ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလကို ကိုငြိမ်းချမ်းအေးက Zoom ကနေ တဆင့် ဆက်သွယ် မေးမြန်းထားပါတယ်။
“အာဆီယံကိုအင်ဒိုဦးဆောင်ချိန် မြန်မာ့အရေးဖြေရှင်းနိုင်ဖို့အရေးကြီး” NUG ယာယီသမ္မတ
ဗွီဒီယို ကြည့်ရှုရန်
-
၁၂ မတ်၊ ၂၀၂၅
Burma Act ဆက်လက်ရှင်သန်နိုင်ရေး အားထုတ်မှု
-
၀၂ မတ်၊ ၂၀၂၅
ကျားဖြန့်ဂိုဏ်းတွေ နှိမ်နင်းမှု စိန်ခေါ်ချက်များ