မော်ရိုကို နိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့က အင်အာပြင်းငလျင် လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း အသက်ရှင် ကျန်နေသူတွေကို ကယ်ဆယ်နိုင်ဖို့အတွက် ကယ်ဆယ်ရေးသမားတွေက ဆက်လက် ရှာဖွေနေကြပါတယ်။ ဗြိတိန်၊ စပိန်၊ ကာတာနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့က ရှာဖွေရေးအဖွဲ့တွေကလည်း Atlas တောင်တန်းဒေသ ငလျင်ဒဏ်သင့် ကျေးရွာတွေမှာ အပျက်အစီးပုံတွေကြား အသက်ရှင်ကျန်ရစ်သူတွေကို ကယ်တင်နိုင်ဖို့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ အစိုးရဘက်က ပြောပါတယ်။ ပြင်းအား ၆.၈ ရှိပြီး လူပေါင်း ၂ထောင်ကျော်သေဆုံးပြီး ၂၄၀၀ ကျော် ဒဏ်ရာရခဲ့တဲ့ ငလျင်ရဲ့ ဗဟိုချက်ဟာ Marrakech (မာရာကက်ရှ်) မြို့ အနောက်တောင်ဘက် မိုင် ၄၀ ကျော် အကွာမှာ လှုပ်ခတ်ခဲ့တာလို့ အမေရိကန်ဘူမိဗေဒလေ့လာရေးဌာနက ပြောပါတယ်။
မော်ရိုကိုမှာ နှစ်တရာကျော်အတွင်း အပြင်းဆုံးငလျင်ကြီး

၅
မိုရိုကိုငလျင်ကြောင့် ရင်ကွဲစရာဖြစ်ရပ်တွေထဲက တခုကတော့ မိသားတစုလုံးမှာ အငယ်ဆုံး ၇ နှစ်သားလေး သေဆုံးသွားရတဲ့ ဖြစ်ရပ်ပါ။ ဓာတ်ပုံထဲက အသက် ၂၀ အရွယ် မိုဝက်တို့မိသားစုမှာ သူ့ညီလေး ၇ နှစ်အရွယ် ဆူလေမန်က မကြာခင်ကျောင်းပြန်တက်ရတော့မှာ ဖြစ်ပါတယ်။
ညရောက်တော့ ဧည့်ခန်းထဲမှာ အိပ်ပျော်သွားလို့ အမေဖြစ်သူက အိပ်ခန်းထဲမှာ သွားသိပ်ခဲ့ပြီး ဧည့်ခန်းထဲပြန်ရောက်တာနဲ့ ငလျင်လှုပ်တာ ဖြစ်ပါတယ်။ သားအကြီး ၂ ယောက်က အိမ်ပေါ်ထပ်မှာ လွတ်သွားပါတယ်။ သူတို့ သားအငယ်ဆုံးလေးပဲ အိပ်ခန်း မျက်နှာကျက် ပြုတ်ကျပိမိပြီး ဆုံးပါးသွားခဲ့ပါတယ်။
ညရောက်တော့ ဧည့်ခန်းထဲမှာ အိပ်ပျော်သွားလို့ အမေဖြစ်သူက အိပ်ခန်းထဲမှာ သွားသိပ်ခဲ့ပြီး ဧည့်ခန်းထဲပြန်ရောက်တာနဲ့ ငလျင်လှုပ်တာ ဖြစ်ပါတယ်။ သားအကြီး ၂ ယောက်က အိမ်ပေါ်ထပ်မှာ လွတ်သွားပါတယ်။ သူတို့ သားအငယ်ဆုံးလေးပဲ အိပ်ခန်း မျက်နှာကျက် ပြုတ်ကျပိမိပြီး ဆုံးပါးသွားခဲ့ပါတယ်။

၆
၇ နှစ်အရွယ် အထွေးဆုံးသားလေး ဆူလေမန် ဆုံးပါးသွားတဲ အိမ်ဖြစ်ပါတယ်။ သူအိပ်ခန်းထဲရှိနေချိန်မှာ အပေါ်ထက်က အကိုတွေနဲ့ ဧည့်ခန်းတဲ့က မိဘတွေ အသက်မသေ လွတ်မြောက်သွားတာပါ။

၇
နေစရာ အိမ်မရှိတဲ့ ဒုက္ခသည်တွေကို မြေကွက်လပ်မှာ ယာယီပလက်စတစ်ပိတ်တဲတွေ ဆောက်လုပ်ပေးထားတာပါ။

၈
ရှာဖွေကယ်ဆယ်ရေးလုပ်သားတွေ အပြိုအပျက်ပုံတွေကို လက်နဲ့ တခုချင်း တူးထုတ်ဖယ်ရှားရတဲ့အတွက် ကယ်ဆယ်ရေးကို အချိန်မြန်မြန်လုပ်လို့မရပါဘူး။