နိုင်ငံခြားသားတွေနဲ့ ဒေသခံတွေ တိုက်ပွဲများကြောင့် ခါတွန်က ထွက်ခွာနေကြတာပါ။ စစ်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့အကြား အာဏာလုနေတဲ့ ဆူဒန်နိုင်ငံခါတွန်မြို့တိုက်ပွဲတွေကြောင့် နိုင်ငံတကာက သူ့နိုင်ငံသားတွေကို ဆူဒန်ကနေ ခေါ်ထုတ်နေသလို ဒေသခံတွေလည်း ရတဲ့နည်းလမ်းတွေနဲ့ ခါတွန် မြို့တော်ကနေ ထွက်ခွာနေကြပါတယ်။ မြို့မှာ ကျန်ခဲ့တဲ့ သူတွေ စားဝတ်နေရေးအခက်အခဲ ဖြစ်နေပြီး နေ့စဉ်အခြေခံစားသောက်စရာနဲ့ သောက်ရေရဖို့ ခက်ခဲနေပါတယ်။
ခါတွန်မှ ထွက်ခွာခြင်း

၉
ခါတွန်မြို့တော်ကနေ ထွက်ခွာတဲ့ ဘတ်စ်ကားဂိတ်က ခရီးသွားတွေနဲ့ အပြည့်ဖြစ်ပါတယ်။ မြို့တော်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် မြို့တော်နေ ဒေသခံတွေ တခြားဒေသအသီးသီးကို နေ့စဉ် ထွက်ခွာနေကြတာပါ။ (ဧပြီ ၁၉၊ ၂၀၂၃)

၁၀
စစ်မက်ဖြစ်ပွားနေတဲ့ ဆူဒန်နိုင်ငံကနေ ပြင်သစ်နိုင်ငံသားတွေကို ပြန်ခေါ်ယူလာဖို့ အာဖရိကတိုက် အရှေ့ခြမ်း ဆူဒန်နိုင်ငံနဲ့ မဝေးလှတဲ့ ဂျီဘူတီနိုင်ငံ၊ ပြင်သစ်လေတပ်အခြေစိုက်စခန်းက စစ်သားတွေ လေယာဉ်နဲ့ သွားနေတာ ဖြစ်ပါတယ်။ (ဧပြီ ၂၂၊ ၂၀၂၃)

၁၁
အီတလီနိုင်ငံသားတွေကိုတော့ အီတလီလေတပ်က C130 စစ်လေယာဉ်နဲ့ လာရောက်ခေါ်ဆောင်သွားပါတယ်။ (ဧပြီ ၂၄၊ ၂၀၂၃)