စနေနေ့ ဧပြီလ ၁၅ ရက်နေ့ကတည်းက တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပွားနေတဲ့ ဆူဒန်နိုင်ငံမှာ နိုင်ငံတကာကြားဝင်စေ့စပ်ပြီး အပစ်ရပ်သဘောတူညီမျှ ရရှိခဲ့တဲ့ကြားကနေ တိုက်ပွဲတွေ ဆက်ပြီး အရှိန်ပြင်းပြင်း ဖြစ်ပွားနေပါတယ်။ တိုက်ခိုက်မှုတွေ ၅ ရက်မြောက်ခဲ့ပြီ ဖြစ်ပြီး အခြေအနေက လူသားချင်းစာနာမှု အကူအညီပေးဖို့တောင် ဝင်လို့မရဘူးလို့ ဆိုပါတယ်။
ဆူဒန်စစ်တပ်နဲ့ ပြည်သူ့စစ် အားပြိုင်မှု

၅
။ အိမ်တအိမ် ပျက်ဆီးပြိုကျနေတာကို အိမ်ရှင်လိုက်ကြည့်နေတာပါ။ ခါတွန်မြို့တော်မှ စစ်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့အကြား တိုက်ပွဲတွေ အတွင်း ဒေသခံတွေရဲ့ အိုးအိမ်တိုက်တာတွေ ပျက်ဆီးရတာပါ။ (ဧပြီ ၁၇၊ ၂၀၂၃)

၆
ဂြိုဟ်တုက ရိုက်ကူးထားတဲ့ ဓာတ်ပုံတပုံမှာတော့ ဆူဒန်နိုင်ငံ Merowe လေတပ်အခြေစိုက်စခန်းမှာ ရပ်ထားတဲ့ MiG-29 တိုက်လေယာဉ် ပျက်စီးနေတာ တွေ့ရပါတယ်။ (ဧပြီ ၁၈၊ ၂၀၂၃)

၇
ခါတွန်နိုင်ငံတကာလေဆိပ်မှာ မီးလောင်ကျွမ်းနေတာကနေ မီးခိုးလုံးတွေ ထွက်နေတာ အဝေးကနေ ရိုက်ကူးထားတဲ့ ဆိုရှယ်မီဒီယာ ဗွီဒီယိုဓာတ်ပုံမှာ တွေ့ရပါတယ်။ (ဧပြီ ၁၇၊ ၂၀၂၃)

၈
ပလန်းနက် လဘ်စ် ပီဘီစီရဲ့ ဂြိုဟ်တုဓာတ်ပုံမှာတော့ ဧပြီ ၁၈ ရက်နေ့က ခါတွန်မြို့တော်ထဲက ဆေးရုံတွေနားမှာ မီးလောင်နေတာ တွေ့ရပါတယ်။ ပြိုင်ဘက် စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ကို သစ္စာခံတဲ့ တပ်ဖွဲ့တွေကြား အသေအကြေတိုက်နေကြတာပါ။