သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲကျင်းပဖို့ ထိုင်းပါလီမန်ကို ဝန်ကြီးချုပ်ဖျက်သိမ်း


ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာကို ဘန်ကောက်မြို့ အစိုးရရုံးသတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရစဉ် (မတ် ၂၀၊ ၂၀၂၃)
ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာကို ဘန်ကောက်မြို့ အစိုးရရုံးသတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရစဉ် (မတ် ၂၀၊ ၂၀၂၃)

ထိုင်းနိုင်ငံမှာ လာမယ့် မေလထဲ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့အတွက်ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ (Prayut Chan-O-Cha) က လက်ရှိ ပါလီမန်ကို ဒီကနေ့ တနင်္လာနေ့မှာ ဖျက်သိမ်းလိုက်ပါတယ်။ မေလ ၇ ရက်နေ့၊ ဒါမှမဟုတ် မေလ ၁၄ ရက်နေ့မှာ ကျင်းပမယ်လို့ အများက ထင်ကြေးပေးနေတဲ့ လာမယ့် ရွေးကောက်ပွဲဟာ ၂၀၁၄ ခုနှစ်က အာဏာသိမ်းပြီး ဝန်ကြီးချုပ် အာဏာရယူခဲ့တဲ့ပရာရွတ်နဲ့ ထိုင်းနိုင်ငံရေးမှာ ဩဇာကြီးမားနေဆဲဖြစ်တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ရဲ့ သမီး ပေတုန်ထန် ရှင်နာဝပ်ထရာ (Paetongtarn Shinawatra) တို့အကြား ယှဉ်ပြိုင်ကြမယ့် ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ ထိုင်းပါလီမန်ကို ဝန်ကြီးချုပ်ဖျက်သိမ်း
please wait
  • Auto
  • 240p
  • 360p
  • 480p
  • 720p
  • 1080p

No media source currently available

0:00 0:44 0:00
  • Auto
  • 240p
  • 360p
  • 480p
  • 720p
  • 1080p

တနင်္ဂနွေနေ့က လူထုစစ်တမ်းကောက်ယူမှုတွေအရတော့ ပေတုန်ထန်က ၃၈ ရာခိုင်နှုန်း၊ ပရာရွတ်က ၁၅ ရာခိုင်နှုန်းနဲ့ ပေတုန်ထန်က ရှေ့ကဦးဆောင်နေပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက အဓိကအတိုက်အခံပါတီဖြစ်တဲ့ Pheu Thai ပါတီက မဲအများစုကို အနိုင်ရခဲ့ပေမယ့် အစိုးရ ဖွဲ့စည်းနိုင်ခြင်း မရှိခဲ့ပါဘူး။ ထိုင်းစစ်တပ်က ဦးဆောင်ရေးဆွဲခဲ့တဲ့ ၂၀၁၇ ခုနှစ် အခြေခံဥပဒေအရ ထိုင်းဝန်ကြီးချုပ်ကို ရွေးကောက်ခံအောက်လွှတ်တော်ကိုယ်စားလှယ်အမတ် ၅၀၀ နဲ့ စစ်တပ်က ခန့်အပ်ထားတဲ့ အထက်လွှတ်တော်ကိုယ်စားလှယ်အမတ် ၂၅၀ ကနေ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ Pheu Thai ပါတီအုပ်စု ခေါင်းဆောင် ပေတုန်ထန်ကတော့ ဒီတစ်ခါ အစိုးရဖွဲ့နိုင်ဖို့ မျှော်လင့်ကြောင်း၊ ဒါကြောင့် ပြတ်ပြတ်သားသား အနိုင်ရဖို့ ရွေးကောက်ပွဲမဲဆွယ်နေကြောင်း သောကြာနေ့ မဲဆွယ်ပဲတစ်ခုမှာ သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG