သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
ကိုရီးယား ကျွန်းဆွယ်အနီး ကန်လေယာဉ်တင် သင်္ဘောစေလွှတ်မှု မြောက်ကိုရီးယား သတိပေး
နောက်ဆုံးရသတင်း

ကိုရီးယား ကျွန်းဆွယ်အနီး ကန်လေယာဉ်တင် သင်္ဘောစေလွှတ်မှု မြောက်ကိုရီးယား သတိပေး


지난달 29일 한국 동해안에서 열린 미한 해군합동훈련에서 미 핵항모 로널드 레이건 호 등 양국 해군함들이 기동하고 있다.
지난달 29일 한국 동해안에서 열린 미한 해군합동훈련에서 미 핵항모 로널드 레이건 호 등 양국 해군함들이 기동하고 있다.

ကိုရီးယား ကျွန်းဆွယ်အနီး ကန်လေယာဉ်တင် သင်္ဘောစေလွှတ်မှု မြောက်ကိုရီးယား သတိပေး

{{Zawgyi/Unicode}}
ကိုရီးယားကျွန်းဆွယ်ဒေသမှာ အမေရိကန်လေယာဉ်တင် သင်္ဘောကြီး USS Ronald Reagan ကို ပြန်လည်ချထားတာဟာ အင်မတန်ကြီးမားတဲ့ အနှုတ်သဘောဆောင်တဲ့ ဂယက်ရိုက်ခတ်စေတယ်လို့ မြောက်ကိုရီးယားက သတိပေးလိုက်ပါတယ်။

ကိုရီးယားကျွန်းဆွယ် အရှေ့ဘက် ကမ်းလွန်ဒေသမှာ တောင်ကိုရီးယားစစ်သင်္ဘောတွေနဲ့ နောက်တချီ ပူးတွဲ ရေကြောင်းစစ်ရေးလေ့ကျင့်ဖို့
အမေရိကန် နျူကလီယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောကြီး ရောက်လာပြီး နောက်တနေ့ဖြစ်တဲ့ စနေနေ့မှာပဲ အခုလို မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဌာနက ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယား စစ်တပ်အနေနဲ့ လက်ရှိ ဒေသတွင်း သိပ်စိုးရိမ်စရာ အနေထားကို အသေအချာ ကိုင်တွယ်နေကြောင်း ပြောကြားခဲ့တာပါ။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ကန့်ကွက်တဲ့အနေနဲ့ မြောက်ကိုရီးယားက မစ်စိုင်းဒုံးကျည်တွေ ပစ်လွှတ်စမ်းသပ် နေတာပါ။ ဒီသီတင်းပတ် အစောပိုင်းကတော့ မြောက်ကိုရီးယားက ဂျပန်ပိုင်နက်ကို ကျော်ဖြတ်ပြီး အားပြင်းမစ်စိုင်းဒုံး စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ နောက် USS Ronald Reagan နဲ့ စစ်ရေးလေ့ကျင့်တဲ့ အဖွဲ့အဲဒီဒေသကို ပြန်ရောက်လာတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း ပဲ့ထိန်းတပ် မစ်စိုင်းဒုံးကျည် ၁၀ စင်းပစ်လွှတ်ခဲ့တာဖြစ်ပြီး ဒါဟာ ဒီနှစ်အတွင်း စံချိန်တင်လောက်အောင် အများဆုံး စမ်းသပ်ပစ်လွှတ်မှု ဖြစ်ပါတယ်။ အခုနောက်ဆုံးပစ်လွှတ် စမ်းသပ်မှုမှာ နျူကလီယား ထိပ်ဖူးတပ် ပစ်လွှတ်နိုင်တဲ့ ပဲ့ထိန်းတပ် မစ်စိုင်းဒုံး ကို ဂျပန်ပိုင်နက်ကို ကျော်ဖြတ်စမ်းသပ် ပစ်ခတ်ခဲ့တာ ဖြစ်သလို အမေရိကန်ရဲ့ ပစိဖိတ်ဒေသတွင်းက Guam အပြင် အဲဒီဒေသထက် ပိုဝေးတဲ့နေရာတွေ အထိ ရောက်နိုင်တဲ့ ဒုံးကျည်စမ်းသပ်မှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

.......................................


{{Zawgyi/Unicode}}




XS
SM
MD
LG