သုံးရလွယ်ကူစေသည့် Link များ

 
အထက်လွှတ်တော်မှာ သူရွေးချယ်မယ့် တရားသူကြီးအသစ်ကို နှောင့်နှေးခြင်းမရှိ မဲပေးဖို့ သမ္မတ Trump တိုက်တွန်း
နောက်ဆုံးရသတင်း

အထက်လွှတ်တော်မှာ သူရွေးချယ်မယ့် တရားသူကြီးအသစ်ကို နှောင့်နှေးခြင်းမရှိ မဲပေးဖို့ သမ္မတ Trump တိုက်တွန်း


အမေရိကန်သမ္မတ Donald Trump. (စက်တင်ဘာ ၁၈၊ ၂၀၂၀)
အမေရိကန်သမ္မတ Donald Trump. (စက်တင်ဘာ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်နိုင်ငံမှာ သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ သီတင်း ၆ ပတ်ပဲ လိုတော့ချိန်မှာ တရားရုံးချုပ်တရားသူကြီး Ruth Bader Ginsburg သောကြာနေ့က ကွယ်လွန်သွားတဲ့အတွက် သူ့နေရာမှာ အစားထိုးခန့်အပ်ဖို့ အမည်စာရင်းတင်သွင်းတဲ့အခါ ကြန့်ကြာမှုမရှိအောင်လုပ်ဖို့ ရီပတ်ဘလစ်ကန်တွေ ကြီးစိုးတဲ့ အထက်လွှတ်တော်ကို စနေနေ့မှာ သမ္မတ Donald Trump က တိုက်တွန်းလိုက်ပါတယ်။

တရားရုံးချုပ်မှာ လစ်ဘရယ်အယူဝါဒရှိသူ တဦးဖြစ်တဲ့ တရားသူကြီး Ginsburg ရဲ့ နေရာမှာ အစားထိုးခန့်အပ်မယ့်သူအတွက် အမည်စာရင်းတင်သွင်းဖို့ သမ္မတအိမ်ဖြူတော်က ပြင်ဆင်နေပါတယ်။

တရားသူကြီး Ginsburg ကွယ်လွန်ပြီး နာရီပိုင်းအတွင်းမှာပဲ အထက်လွှတ်တော် အမတ်အများစု ခေါင်းဆောင် ကန်တပ်ကီပြည်နယ်က Mitch McConnell က သမ္မတ Trump အမည်စာရင်းတင်သွင်းလာသူ ဘယ်သူ့ကိုဖြစ်ဖြစ် မဲခွဲကြဖို့ ပန်ကြားခဲ့ပါတယ်။

ဒီမိုကရက်တစ်ပါတီဝင်တွေကတော့ ရီပတ်ဘလစ်ကန် ပါတီဝင်တွေအနေနဲ့ ရွေးကောက်ပွဲအချိန်အတွင်း တရားရုံးချုပ်အတွက် တရားသူကြီး ရွေးချယ်မှုတွေကို မစဉ်းစားဘဲ ၂၀၁၆ တုန်းကလို လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။ ၂၀၁၆ တုန်းကတော့ အဲဒီအချိန်က သမ္မတဖြစ်တဲ့ Barack Obama က လစ်လပ်နေတဲ့ တရားသူကြီးနေရာအတွက် ရွေးချယ်မှာကို McConnell က လက်မခံ ငြင်းပယ်ခဲ့တာပါ။

သမ္မတ Trump ကတော့ အမေရိကန် တရားရုံးချုပ် တရားသူကြီး ရွေးချယ်မှုဟာ အရေးအကြီးဆုံးလို့ သတ်မှတ်ထားတာကြောင့် ပြည်သူတွေအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ပေးဖို့ တာဝန်ရှိသူကို အချိန်မဆိုင်းဘဲ ရွေးချယ်တင်မြှောက်ပေးရမှာဖြစ်ကြောင်း စနေနေ့မှာပဲ သူ့တွစ်တာကနေ ရေးပါတယ်။

သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီက ဝင်ရောက်အရွေးခံမယ့် Joe Biden ကတော့ နိုဝင်ဘာလ ၃ ရက် ရွေးကောက်ပွဲနောက်ပိုင်းမှာမှ ရွေးချယ်ကြဖို့ ပြောပါတယ်။ မဲပေးမယ့်သူတွေအနေနဲ့ သမ္မတကို အရင်မဲပေးရွေးချယ်ရမှာဖြစ်ပြီး အဲဒီအခါမှာ တက်လာမယ့် သမ္မတကသာ တရားရုံးချုပ် တရားသူကြီးကို ရွေးဖို့ ပြောပါတယ်။

------------------------------

(Unicode)








XS
SM
MD
LG