ရိုဟင်ဂျာ သိန်းနဲ့ချီ ထွက်ပြေးခဲ့ရတဲ့ ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှု ဖြစ်ခဲ့တဲ့ ဒေသ တချို့ကို ဗွီအိုအေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်း ကိုယ်တိုင် ရောက်ရှိနေပါတယ်။ ဒီကနေ့မှာတော့ ဘင်္ဂလားဒေရှ့် မြန်မာ နှစ်နိုင်ငံ တံတား၊ နောက် ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေး တိမ်းရှောင်သူတွေကို ပြန်လည် လက်ခံမယ့် တောင်ပြိုလက်ဝဲ လက်ခံရေး စခန်းကို သွားရောက်ခဲ့သလို၊ နှစ်နိုင်ငံ နယ်စပ်မျဉ်းမှာ တိမ်းရှောင်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ ဒါ့အပြင် မူဆလင်တွေရဲ့ တိုလာတိုလူ ၊ ရခိုင် ဒေသခံတွေရဲ့ မင်းကြီး ကျေးရွာကို ပြောင်းရွှေ့ဖို့ လုပ်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။
ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှု ဖြစ်ခဲ့တဲ့ ဒေသ ကို ဗွီအိုအေ သွားရောက် (သတင်းဓါတ်ပုံ)

၅
တောင်ပြိုလက်ဝဲ လက်ခံရေးစခန်းတွင်လုပ်ဆောင်ထားသည်များကို ရှင်းလင်းပြောပြနေသည့် စခန်းတာဝန်ခံ ထွေ/အုပ်ဦးစီးဌာန ဒုညွှန်မှူး ဦးစိုးထွန်း

၆
နယ်စပ်ခြံစည်းရိုးတွင် စောင့်ကျပ်နေသည့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်တဦး (အဝေးတွင်မြင်ရသည့် ခြံစည်းရိုးအဖြူမှာ ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးဖြစ်သည်။)

၇
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ချစ်ကြည်ရေးတံတားပေါ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မြင်ရသည့်မြင်ကွင်းတခု

၈
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ချစ်ကြည်ရေးတံတားပေါ်တွင် မြန်မာနိုင်ငံဘက်မှ မြင်ရသည့်မြင်ကွင်းတခု